Lotayamm

search
မာတိကာ

contents

  Trend & Culture

မီးလောင်အဆောက်အဦးအပြင်ဘက်မှာ selfie ရိုက်နေပုံရတဲ့ ရဲအရာရှိ (၂) ဦး ဖမ်းဆီးခံရ

Wed, Jan 11 2017

အမေရိကနိုင်ငံ အရှေ့မြောက်ဘက်ခြမ်း ကမ်းရိုးတန်းကLong Island ကျွန်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ရဲအရာရှိနှစ်ဦးဟာ အဲ့ဒီ မီးလောင်နေတဲ့ အိမ်ရှေ့မှာ selfie ရိုက်နေကြဟန်ရှိကြောင်း ဗီဒီယိုကင်မရာရိုက်ကူးမှု တစ်ခုကနေ တွေ့ခဲ့ကြရပါတယ်။ နယူးယော့ခ်မြို့ Uniondale က အိမ်တစ်လုံး မီးလောင်းပျက်စီးခဲ့ပါတယ်။ ကံအားလျှော်စွာ ဘယ်သူမှ ထိခိုက်မှုမရှိခဲ့ပေမယ့် အရာရှိတွေ ဓာတ်ပုံရိုက်ကူးနေမှုကြောင့် ပြင်းထန်တဲ့ ပြသနာတချို့ ရင်ဆိုင်နေကြကြောင်း NBC 4 New York က သတင်းဖော်ပြခဲ့ပါတယ်။

ဗီဒီယိုထဲမှာ ပါဝင်တဲ့အကြောင်းအရာတွေက အဲဒီအဆောက်အဦးနဲ့ ပတ်သက်ဆက်နွယ်မှုရှိပြီး လတ်တလောမှာ စုံစမ်းစစ်ဆေးမှု ပြုလုပ်လျက်ရှိတယ်လို့ Nassau ကောင်စီရဲတပ်ဖွဲ့ဌာနက NBC ကို ပြောဆိုခဲ့ပါတယ်။ ဒီရဲအရာရှိတွေ ဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်းတစ်စုံတစ်ခု ချိုးဖောက်ကြောင်း တွေ့ရှိပါက ထိုက်သင့်သလို အရေးယူခံရမှာ ဖြစ်ပါတယ်။

Nassau ကောင်စီ ဥပဒေပြု လွှတ်တော်အမတ် Kevan Abrahams က အရာရှိတွေရဲ့ လုပ်ရပ်တွေဟာ မိမိအသက်မွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာ အောက်တန်းကျဆုံးအဆင့်ကို ဖော်ပြတယ်လို့ ပြောဆိုခဲ့ကြောင်း Washington Post ရဲ့အဆိုအရ သိရပါတယ်။

ဒီဖြစ်အင်က အိမ်နီးချင်းတွေကြား အမျက်ဒေါသ တောက်လောင်စေခဲ့ပေမယ့် နယူးယော့ခ်မြို့ရဲတပ်ဖွဲ့ဌာနတပ်ကြပ်တစ်ဦးဖြစ်တဲ့ အိမ်ရှင်ကိုယ်တိုင်က ဒီရဲအရာရှိတွေ မဟုတ်တာတစ်ခုခု လုပ်ခဲ့လိမ့်မယ်လို့ မယူဆကြောင်းနဲ့ အပြစ်မမြင်ကြောင်း ပြောဆိုခဲ့ပါတယ်။ 

Ref: cosmopolitan  

 


ရှေ့သို့
နောက်သို့


◄ ပင်မစာမျက်နှာသို့
Trend & Culture Articles ►