contents

သတင်းများ

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြင်ပဖြေဆိုခွင့်အတွက်လျှောက်ထားရာတွင် မည်သည့်ထောက်ခံစာမျှ တင်ပြရန်မလို

နေ့ရက်:
Sep 5, 2018


အမျိုးအစား :
ပညာရေး
EDGE

၂၀၁၉ ခုနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ပြင်ပဖြေများ ဖြေဆိုခွင့်လျှောက်လွှာ တင်သွင်းရာတွင် မြို့နယ်အတွင်း နေထိုင်ကြောင်း ထောက်ခံစာ၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခဲ့ဖူးကြောင်း (သို့) ကျရှုံးခဲ့ကြောင်းထောက်ခံစာ အစရှိသော မည်သည့်ထောက်ခံစာကိုမျှ တင်ပြရန် မလိုကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သိရသည်။


တက္ကသိုလ်ဝင်စာမေးပွဲ ပြင်ပဖြေဆိုရန်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာ တစ်စောင်လျှင် ကျပ်၂၀၀ နှင့် စာမေးပွဲဝင်ကြေး ကျပ် ၇၀၀ တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန ငွေသွင်း တံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတွင်တိုက်ရိုက်လာရောက်ဝယ်ယူ၍လည်းကောင်း၊ မြို့နယ်ပညာရေးမှူးရုံးများမှတစ်ဆင့် ဝယ်ယူ၍လည်းကောင်းတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာကို အချက်အလက်ပြည့်စုံစွာ ဖြည့်သွင်းပြီး သတ်မှတ်ရက်အတွင်း ပြန်လည်တင်သွင်းကြရမည်ဖြစ်သည်။


ပြင်ပဖြေများသည် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများကို မိမိတို့ဖြေဆိုမည့် မြို့နယ်ပညာရေးမှူးရုံးများ၌သာ ပြန်လည်တင်သွင်းကြရမည်။


ပြင်ပဖြေဆိုခွင့်ကို ယခင်နှစ်များက တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများ၊ န၀မတန်းကို ပြင်ပမှ ဖြေဆိုအောင်မြင်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်လက်တက်ရောက်နိုင်ခြင်းမရှိဘဲ န၀မတန်းအောင်မြင်ခဲ့ပြီး ကျောင်းပြင်ပတွင်ရောက်ရှိနေသူများကို ဖြေဆိုခွင့်ပြုကြောင်း သိရသည်။


၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရမည့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် ဩဂုတ် ၃၁ရက်မှ စတင်ကာ စက်တင်ဘာ၂၈ ရက်အတွင်း စာမေးပွဲဝင်ခွင့်လျှောက်လွှာတင်သွင်းရန် ကြေညာချက်ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဩဂုတ် ၂၀ရက်တွင် ကြေညာထားသည်။


မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။


ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။


source: စံတော်ချိန်

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။