contents

သတင်းများ

အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမ လိုအပ်ချက်မှာ မူလတန်းနှင့် အလယ်တန်းတွင် ပိုမိုလိုအပ်နေ

နေ့ရက်:
Jul 12, 2018


အမျိုးအစား :
ပညာရေး
EDGE

အခြေခံပညာကျောင်းများတွင် ဖွဲ့စည်းပုံအရ ဆရာ၊ ဆရာမရာထူးတိုး အပြောင်းအရွှေ့များနှင့် ခန့်ထားရေးများကို ဆောင်ရွက်ခဲ့ပြီး နောက်ထပ်မံလိုအပ်လာသည့် ဆရာ၊ ဆရာမရာထူးနေရာများ ရှိနေရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆရာ၊ ဆရာမတစ်သောင်းခွဲ ကျော်လိုအပ်လျက်ရှိနေသေးသည်။


ယင်းကဲ့သို့ လိုအပ်ရာတွင် အထက်တန်းပြ ရာထူးနေရာများမှ အဆင်ပြေနေသော်လည်း မူလတန်းနှင့် အလယ်တန်းပြရာထူးနေရာများမှာ ပိုမိုလိုအပ်နေကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။


လိုအပ်နေသော ဆရာ၊ ဆရာမများနေရာ ဖြည့်ဆည်းခန့်ထားနိုင်ရန်အတွက် လက်ရှိတွင် အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေသော ဘွဲ့ရအထွေထွေလုပ်သား၊ သိပ္ပံခန်းအကူ အစရှိသော ပညာရေးဝန်ထမ်း များကို သင်တန်းများပေးအပ်ပြီး ခန့်ထားရန်ကိုလည်း စဉ်းစားလျက်ရှိသည်။


ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုနှစ်တွင် အခြေခံပညာကျောင်းပေါင်း ခြောက်ထောင်ကျော်ကို အဆင့်တိုးမြှင့်ပေးခဲ့ပြီး အရာထမ်း၊ အမှုထမ်းတစ်သောင်းကျော်ကို ခန့်ထားပေးခဲ့သည်။


မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။


ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။


source: democracy

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။