contents

သတင်းများ

၂၀၁၈ ပညာသင်နှစ်မှ စတင်ကာတက္ကသိုလ်ဝင်တန်း အောင်မြင်သူများကို တက္ကသိုလ် ၁၁ ခုမှ တိုက်ရိုက်ခေါ်ယူမည်

နေ့ရက်:
May 16, 2018


အမျိုးအစား :
ပညာရေး
EDGE

''ဒီနှစ်ကစပြီးတော့ တက္ကသိုလ် ၁၁ ခုပေါ့။ သူ့တက္ကသိုလ်အလိုက် သူ့ဘာသာလျှောက်လွှာခေါ်မယ်။ အဲဒီတက္ကသိုလ်တက်ချင်ရင် အဲဒီမှာပဲ သွား တင်ပေါ့။ တချို့က ၁၀ တန်းအမှတ်ကို ကြည့်တယ်။ အင်တာဗျူးပဲရှိတယ်။ ရေးဖြေတော့မရှိပါဘူး။ ၀င်ခွင့်ဖြေပြီး တက္ကသိုလ်တွေကို လျှောက်ရမယ့်စနစ် ကတော့ မကျင့်သုံးသေးပါဘူး။ အခုတက္ကသိုလ်တွေကတော့ သူ့ဘာသာလျှောက်လွှာခေါ်မှာပါ'' ဟု ၎င်းက ပြောဆိုသည်။


ယင်းကဲ့သို့ ၀င်ခွင့်တိုက်ရိုက်ခေါ်ယူမည့် တက္ကသိုလ်များမှာ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မန္တလေး)၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်၊ မန္တလေး သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်တို့ဖြစ်ကြောင်း သိရသည်။


''အခုလောလောဆယ်က ဒီတက္ကသိုလ် ၁၁ခုကို ရှေ့ပြေးအစီအစဉ်နဲ့ လုပ်ဆောင်တာပေါ့။ အရင်ကဆိုရင် အဆင့်မြင့်ပညာဦးစီးဌာနက တက္ကသိုလ်အလိုက်ချပေးတာပေါ။့ အခုကတော့ ကျောင်းသားကျောင်းသူတွေက ကိုယ်တက်ချင်တဲ့တက္ကသိုလ်ကို တိုက်ရိုက်လျှောက်ပေါ့။ သူတို့ဘက်က တက်ခွင့်ရသူတွေကို ကြေညာပေးတာပေါ့။ အဆင့်မြင့် ပညာဦးစီးဌာနက မကိုင်တော့ဘဲနဲ့ တက္ကသိုလ်အလိုက် ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးလိုက်တဲ့ သဘောပေါ့'' ဟု ဒေါက်တာသိန်းဝင်းက ပြောဆိုသည်။


အဆိုပါ ၀င်ခွင့်တိုက်ရိုက်ခေါ်ဆိုမှုကို ၂၀၁၈ခုနှစ် မတ်လတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်မည့် ကျောင်းသား၊ ကျောင်းသူများမှ စတင်ကာ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။


မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။


ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။


Source: စံတော်ချိန်

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။