Lotayamm

search
မာတိကာ

contents

သတင်းများ

သက်မွေးပညာသင်ကျောင်းများတွင် ရက်ကန်းပညာရပ်ထည့်သွင်း သင်ကြားသွားမည်

နေ့ရက်:
Sep 13, 2017


အမျိုးအစား :
ပညာရေး
EDGE

ဒေသအသီးသီးရှိ သက်မွေး သင်တန်းကျောင်းများတွင် သင်ရိုးညွှန်းတမ်းတစ်ခုအနေဖြင့် ထည့်သွင်းသင်ကြားသွားရန် အစိုးရပိုင်နှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း သင်ရိုးညွှန်းတမ်းရေးဆွဲနေသည့် ပူးပေါင်းအဖွဲ့များထံမှ သိရသည်။


ပညာရပ်အဖြစ် သီးသန့်ရေးဆွဲရခြင်းမှာ နိုင်ငံတစ်ဝန်းရှိ သက်မွေးပညာသင်ကျောင်း ၁၄ ကျောင်း မှ ဆရာ၊ ဆရာမများ၏ သင်ကြားရေးအပိုင်းများတွင် အဆင့်မြင့်သင်ကြားရေး နည်းလမ်းများဖြင့် သင်ကြားပြသနိုင်ရန်အပြင် ကျောင်းသား၊ ကျောင်းသူများ ဒီဇိုင်းအပိုင်းနှင့် ပတ်သက်ပြီး ပိုမိုဗဟုသုတရရှိလာရန်အတွက်ပါ ရည်ရွယ်ရေးဆွဲတာ ဖြစ်သည်ဟု သိရသည်။


READ - စာမေးပွဲများအတွက် ကျောင်းသားများထံမှ အခကြေးငွေများ ကောက်ခံခြင်းမပြုလုပ်ရန် ညွှန်ကြားထား


“ပညာရပ်ကို တက်ရောက်သင်ကြားထားသူတွေ အနေနဲ့ ရက်ကန်းပညာရပ်နဲ့ ပတ်သက်ပြီး ဒီဇိုင်းပညာရှင် တစ်ယောက်အထိ ရေရှည်ရပ်တည်သွားဖို့အတွက် အဓိကရည်ရွယ်လုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်” ဟု ပြောသည်။


ခေတ်နှင့်အညီ ရေးဆွဲနေသည့် ရက်ကန်းပညာရပ်မှာ စက်ရက်ကန်း၊ လက်ရက်ကန်း၊ လွန်းပျံရက်ကန်း၊ ဂျပ်ခုတ်ရက်ကန်း၊ ဆေးဆိုး၊ ဒီဇိုင်း၊ ချည်မျှင်အမျိုးအစားများအကြောင်း၊ ချည်မျှင်လုပ်ငန်းအကြောင်း၊ ရိုးရာလွန်းရာ ချိတ်အကြောင်း စသည့် ဘာသာရပ် ၁၀ ခုကို ထည့်သွင်းသွားမည်ဟု သိရသည်။


“အမျိုးသမီးရက်ကန်းပညာရှင်တွေနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင် မျိုးဆက်တွေကို ပျိုးထောင်ကာ မျိုးဆက်ဒီဇိုင်း ပညာရှင်တွေက တစ်ဆင့် အထည်အလိပ်လုပ်ငန်းရေရှည်တည်တံ့ဖွံ့ဖြိုးစေဖို့ ပံ့ပိုးဆောင်ရွက်သွားမှာလည်း ဖြစ်တယ်လို့ သိရတယ်။ ရက်ကန်းကျောင်းတွေအတွက် ရက်ကန်းနဲ့ပတ်သက်တဲ့ ပြဌာန်းစာအုပ်က ရှားပါးတဲ့အတွက် ရက်ကန်း ပညာရပ်ကို ရေးဆွဲနေတာဖြစ်ပြီး တိုင်းရင်းသားတွေရဲ့ လက်ရက်ကန်းနဲ့ ရိုးရာ ထည်ဂျပ်ခုတ်တွေ ပျောက်ကွယ် မသွားဖို့ကိုလည်း အဓိကထိန်းသိမ်းလုပ်ဆောင်နေတယ်” ဟု အမရပူရမြို့နယ်ဆောင်းဒါးရက်ကန်းနှင့် အသက်မွေး ပညာသိပ္ပံ ကထိက၊ ဌာနမှူးဒေါ်ခင်ဝင်းကြည်က ပြောသည်။


မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။


Source: democracy today