contents

သတင္းမ်ား

နာဆာက ေန စူးစမ္းေရးယာဥ္ လႊတ္တင္ 

ေန႔ရက္:
Aug 14, 2018


အမ်ိဳးအစား :
နည္းပညာ
Akonthi

ေနကုိ ယခင္ စူးစမ္းခဲ့ဖူးတဲ့ အႀကိမ္ေတြကထက္ ပုိမုိနီးကပ္စြာ စူးစမ္းေလ့လာႏုိင္မယ့္ ၿဂိဳလ္တုတစ္စင္း ပုိ ့လႊတ္မယ့္ အာကာသမစ္ရွင္ကုိ အေမရိကန္အာကာသေအဂ်င္စီ နာဆာက လႊတ္တင္လုိက္ေၾကာင္း သိရပါတယ္။ ဒီမစ္ရွင္ဟာ အႏၱရာယ္မ်ားတဲ့ ေနမုန္တုိင္းေတြရဲ ့ ျဖစ္ရပ္ဆန္းေတြကုိ ေဖာ္ထုတ္ကာ မိမိတုိ ့ကမာၻေျမႀကီးကုိ ကာကြယ္သြားႏုိင္ဖုိ ့ ရည္ရြယ္တာျဖစ္ပါတယ္။ 



ဖေလာ္ရီဒါျပည္နယ္ ကိတ္ ကာေနဗရယ္ လႊတ္တင္ေရးစခန္းကေန Parker Solar Probe အမည္ရ အကာသယာဥ္ကုိ ဒုံးပ်ံတစ္စင္းနဲ ့လႊတ္တင္လုိက္တာျဖစ္ပါတယ္။ ဒီယာဥ္ဟာ သမုိင္းတေလွ်ာက္ ေနနဲ ့အနီးဆုံးကုိ ခ်ဥ္းကပ္ႏုိင္ခဲ့တဲ့ လူလုပ္ယာဥ္ျဖစ္လာမွာလည္းျဖစ္ပါတယ္။ ဒီယာဥ္ဟာ ေနရဲ ့ အျပဳအမူအေလ့အထအေပၚ ကာလၾကာရွည္ ေ၀ခြဲမရျဖစ္ေနတဲ့ အခ်က္ေတြကုိ ေျဖရွင္းႏုိင္ဖုိ ့ ေလ့လာသြားမွာျဖစ္ပါတယ္။ ၁၉၅၈ ခုႏွစ္က ေနၿဂဳိဟ္ရဲ ့ ေလထုကုိ ပထမဆုံးေဖာ္ထုတ္ႏုိင္ခဲ့တဲ့ အခုတုိင္ သက္ရွိထင္ရွားရွိေနေသးတဲ့ အသက္ ၉၁ ႏွစ္အရြယ္ ရုပနကၡတၱေဗဒပညာရွင္ အြင္ဂနီ ပါကာကုိ အစြဲျပဳကာ အာကာသယာဥ္ကုိ နာမည္ေပးထားတာျဖစ္ပါတယ္။ 



ေနစူးစမ္းေရးယာဥ္ သယ္ေဆာင္ထားတဲ့ Delta-IV Heavy ဒုံးပ်ံကုိ ေဒသစံေတာ္ခ်ိန္ ၀၃း၃၁ နာရီမွာ လႊတ္တင္ခဲ့တာျဖစ္ပါတယ္။ ယခင္ရက္က ပစ္လႊတ္ဖုိ ့လုပ္စဥ္ ေနာက္ဆုံးမိနစ္ပုိင္းအေရာက္မွ အခ်က္ေပးသံထြက္ခဲ့ကာ လႊတ္တင္မႈ မေအာင္ျမင္ခဲ့တဲ့ေနာက္ အခုတဖန္ ျပန္လည္လႊတ္တင္ခဲ့တာျဖစ္ပါတယ္။ ဒီအာကာသယာဥ္ဟာ မိမိတုိ ့ ေနၿဂိဳဟ္ရဲ ့ အျပင္ပုိင္း ေလထုကုိ တုိက္ရုိက္ စူးစမ္းေလ့လာမွာျဖစ္ၿပီး ယာဥ္ကုိ သယ္ေဆာင္သြားတဲ့ ဒုံးပ်ံဟာ ေနရဲ ့ အတြင္းပုိင္း အဖြဲ ့အစည္း စနစ္အတြင္း အကာသယာဥ္ကုိ ပစ္ခ်ခဲ့မွာျဖစ္ပါတယ္။ 



အာကာသယာဥ္ဟာ ခုနစ္ႏွစ္ၾကာ သူ ့ရဲ ့မစ္ရွင္အတြင္း ေနကုိ ၂၄ ႀကိမ္ခန္ ့လွည့္ပတ္မွာျဖစ္ကာ ေန အျပင္ပုိင္းေလထုရဲ ့ ရူပဖြဲ ့စည္းပုံဆုိင္ရာကုိ ေလ့လာသြားမွာျဖစ္ပါတယ္။ ဒီေလထုေနရာဟာ ကမာၻကုိ သက္ေရာက္မႈျဖစ္ေစတဲ့  အေရးပါတဲ့လုပ္ေဆာင္ခ်က္မ်ားစြာရွိေနကာ ဒီလုပ္ေဆာင္ခ်က္ေတြရဲ ့ အစျပဳရာကုိ ေဖာ္ထုတ္ေလ့လာမွာလုိ ့ဆုိပါတယ္။ ဒီေလထုဟာ အလြန္စြမ္းအားျပင္းတဲ့အပူခ်ိန္ကုိ အကာအကြယ္ေပးထားတဲ့ ဒုိင္းတစ္ခုျဖစ္ကာ ကမာၻက ႀကဳံေတြရတဲ့ ေရာင္ျခည္ထြက္မႈရဲ ့ အဆ ၅၀၀ ေလာက္ ယင္းေနရာမွာရွိကာ မႀကဳံဖူးတဲ့ အပူခ်ိန္အတုိင္းအတာကုိ ခံႏုိင္ရည္ရွိေနတဲ့ ေနရာျဖစ္ပါတယ္။  အာကာသယာဥ္ဟာ ေနရဲ ့ေလာင္ကၽြမ္းဆူပြက္ေနတဲ့ မ်က္ႏွာျပင္ကေန မုိင္ေပါင္း ၃.၈၃ သန္းအကြာေလာက္အထိ ထုိးေဖာက္၀င္ေရာက္ကာ ၄င္းရဲ ့ပါးလႊာတဲ့ေလထုအတြင္း စူးစမ္းေလ့လာမွာျဖစ္ပါတယ္။ ယင္းေနရာဟာ ေနမ်က္ႏွာျပင္ရဲ ့အပူခ်ိန္ထက္ အဆ ၃၀၀ ေလာက္ ပုိပူတဲ့ ေနရာလုိ ့လည္း သိရပါတယ္။



 - ကိုလင္း (အကုန္သိသတင္းဌာန)



Unicode Code



နာဆာက နေ စူးစမ်းရေးယာဉ် လွှတ်တင် 



နေကို ယခင် စူးစမ်းခဲ့ဖူးတဲ့ အကြိမ်တွေကထက် ပိုမိုနီးကပ်စွာ စူးစမ်းလေ့လာနိုင်မယ့် ဂြိုလ်တုတစ်စင်း ပို့လွှတ်မယ့် အာကာသမစ်ရှင်ကို အမေရိကန်အာကာသအေဂျင်စီ နာဆာက လွှတ်တင်လိုက်ကြောင်း သိရပါတယ်။ ဒီမစ်ရှင်ဟာ အန္တရာယ်များတဲ့ နေမုန်တိုင်းတွေရဲ့ ဖြစ်ရပ်ဆန်းတွေကို ဖော်ထုတ်ကာ မိမိတို့ကမ္ဘာမြေကြီးကို ကာကွယ်သွားနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ 


နာဆာက နေ စူးစမ်းရေးယာဉ် လွှတ်တင် 

ဖလော်ရီဒါပြည်နယ် ကိတ် ကာနေဗရယ် လွှတ်တင်ရေးစခန်းကနေ Parker Solar Probe အမည်ရ အကာသယာဉ်ကို ဒုံးပျံတစ်စင်းနဲ့လွှတ်တင်လိုက်တာဖြစ်ပါတယ်။ ဒီယာဉ်ဟာ သမိုင်းတလျှောက် နေနဲ့အနီးဆုံးကို ချဉ်းကပ်နိုင်ခဲ့တဲ့ လူလုပ်ယာဉ်ဖြစ်လာမှာလည်းဖြစ်ပါတယ်။ ဒီယာဉ်ဟာ နေရဲ့ အပြုအမူအလေ့အထအပေါ် ကာလကြာရှည် ဝေခွဲမရဖြစ်နေတဲ့ အချက်တွေကို ဖြေရှင်းနိုင်ဖို့ လေ့လာသွားမှာဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်က နေဂြိုဟ်ရဲ့ လေထုကို ပထမဆုံးဖော်ထုတ်နိုင်ခဲ့တဲ့ အခုတိုင် သက်ရှိထင်ရှားရှိနေသေးတဲ့ အသက် ၉၁ နှစ်အရွယ် ရုပနက္ခတ္တဗေဒပညာရှင် အွင်ဂနီ ပါကာကို အစွဲပြုကာ အာကာသယာဉ်ကို နာမည်ပေးထားတာဖြစ်ပါတယ်။ 



နေစူးစမ်းရေးယာဉ် သယ်ဆောင်ထားတဲ့ Delta-IV Heavy ဒုံးပျံကို ဒေသစံတော်ချိန် ၀၃း၃၁ နာရီမှာ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ ယခင်ရက်က ပစ်လွှတ်ဖို့လုပ်စဉ် နောက်ဆုံးမိနစ်ပိုင်းအရောက်မှ အချက်ပေးသံထွက်ခဲ့ကာ လွှတ်တင်မှု မအောင်မြင်ခဲ့တဲ့နောက် အခုတဖန် ပြန်လည်လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ ဒီအာကာသယာဉ်ဟာ မိမိတို့ နေဂြိုဟ်ရဲ့ အပြင်ပိုင်း လေထုကို တိုက်ရိုက် စူးစမ်းလေ့လာမှာဖြစ်ပြီး ယာဉ်ကို သယ်ဆောင်သွားတဲ့ ဒုံးပျံဟာ နေရဲ့ အတွင်းပိုင်း အဖွဲ့အစည်း စနစ်အတွင်း အကာသယာဉ်ကို ပစ်ချခဲ့မှာဖြစ်ပါတယ်။ 



အာကာသယာဉ်ဟာ ခုနစ်နှစ်ကြာ သူ့ရဲ့မစ်ရှင်အတွင်း နေကို ၂၄ ကြိမ်ခန့်လှည့်ပတ်မှာဖြစ်ကာ နေ အပြင်ပိုင်းလေထုရဲ့ ရူပဖွဲ့စည်းပုံဆိုင်ရာကို လေ့လာသွားမှာဖြစ်ပါတယ်။ ဒီလေထုနေရာဟာ ကမ္ဘာကို သက်ရောက်မှုဖြစ်စေတဲ့  အရေးပါတဲ့လုပ်ဆောင်ချက်များစွာရှိနေကာ ဒီလုပ်ဆောင်ချက်တွေရဲ့ အစပြုရာကို ဖော်ထုတ်လေ့လာမှာလို့ဆိုပါတယ်။ ဒီလေထုဟာ အလွန်စွမ်းအားပြင်းတဲ့အပူချိန်ကို အကာအကွယ်ပေးထားတဲ့ ဒိုင်းတစ်ခုဖြစ်ကာ ကမ္ဘာက ကြုံတွေရတဲ့ ရောင်ခြည်ထွက်မှုရဲ့ အဆ ၅၀၀ လောက် ယင်းနေရာမှာရှိကာ မကြုံဖူးတဲ့ အပူချိန်အတိုင်းအတာကို ခံနိုင်ရည်ရှိနေတဲ့ နေရာဖြစ်ပါတယ်။  အာကာသယာဉ်ဟာ နေရဲ့လောင်ကျွမ်းဆူပွက်နေတဲ့ မျက်နှာပြင်ကနေ မိုင်ပေါင်း ၃.၈၃ သန်းအကွာလောက်အထိ ထိုးဖောက်ဝင်ရောက်ကာ ၎င်းရဲ့ပါးလွှာတဲ့လေထုအတွင်း စူးစမ်းလေ့လာမှာဖြစ်ပါတယ်။ ယင်းနေရာဟာ နေမျက်နှာပြင်ရဲ့အပူချိန်ထက် အဆ ၃၀၀ လောက် ပိုပူတဲ့ နေရာလို့လည်း သိရပါတယ်။



 - ကိုလင်း (အကုန်သိသတင်းဌာန)



Ref: BBC,CNA


ေန႕စဥ္ အသစ္အသစ္ေသာ သတင္းမ်ား ကို သိရိွႏိုင္ရန္ လိုတရ Application အား ဤေနရာတြင္ ႏွိပ္၍ အခမဲ႔ Download ရယူပါ။