contents

သတင်းများ

မနက်ဖြန်မှာ ဖြစ်ပေါ်မယ့် လ အပြည့်ကြတ်ဖြစ်စဉ်နှင့် လကြတ်ခြင်းအမျိုးမျိုးကို လေ့လာခြင်း

နေ့ရက်:
Jul 27, 2018


အမျိုးအစား :
နည်းပညာ
Akonthi

၂၀၁၈ ခုနှစ်အတွင်း လကြတ်ခြင်းကို ဒုတိယအကြိမ် ကြုံတွေ့ရဦးမှာဖြစ်ပြီး  ယခုအကြိမ်ဟာ ၂၁ ရာစု၏ အချိန်အရှည်ကြာဆုံး လကြတ်ခြင်းတစ်ခုဖြစ်မည်ဟု နိုင်ငံတကာ နက္ခတ္တဗေဒ ပညာရှင်များက ကြေညာထားခဲ့သည်။ ပထမအကြိမ်မှာ ဇန်နဝါရီလ ၃၁ ရက်က   Super Blue Blood Moon eclipse ခေါ် တစ်လထဲအတွင်း လပြည့် နှစ်ကြိမ်ဖြစ်ပေါ်ပြီး  လ ကို ကမ္ဘာဂြိုဟ်မှ အနီးဆုံးမြင်တွေ့ခဲ့ရသည့် လကြတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 



လကြတ်ခြင်းသည် လပြည့်အချိန် နေ၊ ကမ္ဘာ နှင့် လ တို့တစ်တန်းတည်းကျရောက်စဉ် ဖြစ်ပွားသည်။ ထိုသို့တစ်တန်းတည်းကျရောက်စဉ် ကိုယ်ပိုင်အလင်းရောင်မရှိသည့် လ သည် ကမ္ဘာဂြိုဟ် အနောက်ခြမ်း နေရောင်အကွယ်သို့ကျရောက်သွားစဉ်ဖြစ်ပေါ်ခြင်းဖြစ်သည်။ ကမ္ဘာဂြိုဟ်အနောက်ခြမ်း နေရောင်အကွယ်တွင် Penumbra ခေါ် နေရောင်အနည်းငယ်ရသော နေရာ နှင့် Umbra ခေါ် မှောင်အတိကျနေသော နေရာဟူ၍ နှစ်ခုရှိသည်။ ထိုနေရာများပေါ်သို့ လ ရောက်သွားသည်ကိုလိုက်၍ လကြတ်ခြင်း သုံးမျိုးရှိသည်။ ပထမတစ်ခုမှာ Penumbral Eclipse ခေါ် မထင်မရှား လကြတ်ခြင်းတွင်  လသည် ကမ္ဘာ့ဂြိုဟ်အနောက်ခြမ်းရှိ Penumbra ခေါ် နေရောင်အနည်းငယ်ရသော နေရာသို့ ရောက်နေစဉ် ဖြစ်ပွားသည်။


မနက်ဖြန်မှာ ဖြစ်ပေါ်မယ့် လ အပြည့်ကြတ်ဖြစ်စဉ်နှင့် လကြတ်ခြင်းအမျိုးမျိုးကို လေ့လာခြင်း

ဒုတိယတစ်ခုမှာ Partial Eclipse ခေါ် တစ်ပိုင်းတစ်စ လကြတ်ခြင်းတွင် လသည် ကမ္ဘာဂြိုဟ်အနောက်ခြမ်းရှိ Penumbra ခေါ် နေရောင်အနည်းငယ်ရသော နေရာ နှင့်  Umbra ခေါ် မှောင်အတိကျနေသောနေရာတို့ တွင် တစ်ခြမ်းစီကျရောက်နေစဉ် ဖြစ်ပွားသည်။ Total Eclipse ခေါ် လအပြည့်ကြတ်ခြင်းတွင် လ သည် Umbra ခေါ် အမှောင်အတိကျနေသော နေရာသို့  ရောက်ရှိနေစဉ်ဖြစ်ပွားသည်။ လကြတ်ခြင်းဖြစ်ပွားစဉ် Blood Moon ခေါ် လ သွေးရောင်လွှမ်းရခြင်းမှာ နေမှ တိုက်ရိုက်လာသော အလင်းရောင်ခြည်များက ကမ္ဘာပေါ်ရှိ လေထုနှင့် ထိတွေ့ပြီး အနည်းငယ် ကွေးဝိုက်ကာ လပေါ်သို့အရောင်ပြန်ကျရောက်သည်။ ရောင်ခြည်ထဲရှိ အနီရောင်နှင့် လိမ္မော်ရောင်တို့မှာ အစိမ်းရောင် နှင့် အပြာရောင်တို့ထက်  ရောင်ပြန်လှိုင်းပိုမိုရှည်လျားသောကြောင့် လပေါ်သို့အနီရောင် ရောင်ခြည်ကျရောက်ခြင်းဖြစ်သည်။



ယခုလာမည့် ဇူလိုင်လ ၂၇ ရက် သောကြာနေ့တွင် ဖြစ်ပေါ်မည့် လကြတ်ခြင်းကိုလည်း Blood Moon ခေါ် သွေးရောင်လွှမ်းသည့်လ အဖြစ်  မြင်တွေ့ရဦးမည်ဟု သိရသည်။ လကြတ်ခြင်းကို မြန်မာနိုင်ငံအပါအဝင် အာရှ၊ ဥရောပ၊ သြစတေးလျ၊ အာဖရိက နှင့် တောင်အာဖရိကနိုင်ငံများမှ မြင်တွေ့ရမှာဖြစ်သည်။ မြန်မာစံတော်ချိန်အရ ည ၁၂ နာရီခန့်တွင် စတင်မှာဖြစ်ပြီး နံနက်  ၄/၅ နာရီ ခန့်တွင်ပြီးဆုံးမည်ဖြစ်သည်။ လအပြည့် ကြတ်မည့်အချိန်မှာ နံနက် ၂ နာရီခန့်တွင် ဖြစ်ပွားမည်ဟု သိရသည်။ ပညာရှင်များကတော့ လကြတ်ခြင်းကို မျက်စိနှင့် တိုက်ရိုက်ကြည့်ရှုခြင်း မပြုရန် အကြံပြုထားသည်။ ပိုမို ထူးခြားစေသော အချက်မှာ လကြတ်နေသည့်အချိန်တွင် ကမ္ဘာဂြိုဟ်ပေါ်မှ မားစ်ဂြိုဟ်ကို ၁၅ နှစ် အတွင်း ပထမအကြိမ် အနီးဆုံး အနေအထားဖြင့် မြင်တွေ့ရမှာဖြစ်ကြောင်းနှင့် မားစ်ဂြိုဟ်သည်လည်း ထိုအချိန်တွင် အတောက်ပဆုံးဖြစ်နေမည့်အတွက် ရှင်းရှင်းလင်းလင်း မြင်တွေ့ရမှာဖြစ်ကြောင်း သိရသည်။



- မိုင် (အကုန်သိ သတင်းဌာန)



Ref: Space


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။