contents

သတင်းများ

၂၀၁၉ မှာ ဖေ့ဘွတ်က ကိုယ်ပိုင်အင်တာနက်ဂြိုလ်တု လွှတ်တင်မယ်

နေ့ရက်:
Jul 22, 2018


အမျိုးအစား :
နည်းပညာ
Akonthi

ကမ္ဘာ့လူသားအချင်းချင်း အင်တာနက်ပိတ်ထားရင်တောင် ဆက်သွယ်လို့ ရနိုင်စေဖို့ အတွက် ဖေ့ဘွတ်က ၂၀၁၉ မှာ ကိုယ်ပိုင်အင်တာနက်ဂြိုလ်တု လွှတ်တင်သွားဖို့ ရှိတယ်လို့ အစီအရင်ခံစာတစ်စောင်ကို ကိုးကားပြီး နိုင်ငံတကာသတင်းဌာနတွေက ရေးသားဖော်ပြလာပါတယ်။



ဖေ့ဘွတ်ရဲ့ အနာဂတ် အစီအစဉ်တွေထဲမှာ ကိုယ်ပိုင်ဂြိုလ်တုလွှတ်တင်ရေးဆိုတာ ပါဝင်ပြီးသားဖြစ်ပေမယ့် ၂၀၁၉ မှာ လွှတ်တင်သွားနိုင်ဖို့ ကြိုးပမ်းမှုဟာ မျှော်လင့်ထားတာထက်ပိုပြီး စောသွားတဲ့သဘောမျိုးရှိလာတယ်လို့ လည်း ဆိုပါတယ်။


၂၀၁၉ မှာ ဖေ့ဘွတ်က ကိုယ်ပိုင်အင်တာနက်ဂြိုလ်တု လွှတ်တင်မယ်

လက်ရှိမှာတော့ ဖေ့ဘွတ်ဟာ အက်ပလီးကေးရှင်းအဆင့်သာ ရှိနေသေးပေမယ့် ၂၀၁၄ ခုနှစ်က စတင်ခဲ့တဲ့ Aquila project နဲ့ ၂၀၁၇ မှာ စတင်ခဲ့တဲ့ နေရောင်ခြည်စွမ်းအင်သုံး ဒရုန်းပျံသန်းမှု စီမံကိန်းတွေမှာ အောင်မြင်ခဲ့တာကြောင့် အနာဂတ်မှာ ကိုယ်ပိုင်ဂြိုလ်တုကနေတစ်ဆင့် ဆက်သွယ်ရေးကွန်ရက်တွေကို ဘီလျံချီတဲ့ အသုံးပြုသူတွေအတွက် ထုတ်လွှင့်ပေးသွားနိုင်ဖို့ စီစဉ်ထားတာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။



ဖေ့ဘွတ် တည်ထောင်သူ စီးအီးအို မာ့ခ်ဇူကာဘတ်ရဲ့ ပြောကြားချက်အရ ကမ္ဘာကြီးပေါ်မှာရှိတဲ့ အင်တာနက်ဆက်သွယ်ရေးဝန်ဆောင်မှု မရှိတဲ့ဒေသက လူသားတွေအပါအ၀င် လူသားအချင်းချင်း ပိုမိုဆက်သွယ်နိုင်စေဖို့ အတွက် အစီအစဉ်အသစ်တွေကို တစ်ခုချင်းဆက်တိုက်ဖော်ဆောင်နေတာဖြစ်တယ်လို့ လည်း သိရပါတယ်။


၂၀၁၉ မှာ ဖေ့ဘွတ်က ကိုယ်ပိုင်အင်တာနက်ဂြိုလ်တု လွှတ်တင်မယ်

ဖေ့ဘွတ်ရဲ့ ခြေလှမ်းတွေဟာ Elon Musk ရဲ့  SpaceX စီမံကိန်းလိုမျိုး ကမ္ဘာကြီးမှာ လူသုံးများတဲ့ နည်းပညာဝန်ဆောင်မှုပိုင်းကို ပိုမိုခြေချနေခြင်းလည်းဖြစ်လာတယ်လို့ သုံးသပ်မှုတွေ ရှိလာပါတယ်။ လူသားအချင်းချင်း ဆက်သွယ်ပြောဆိုနိုင်တဲ့ လူမှုကွန်ရက် အက်ပလီကေးရှင်းတစ်ခုကနေ ကမ္ဘာနဲ့ ချီတဲ့ အင်တာနက်ဝန်ဆောင်မှုကိုပါ ဖေ့ဘွတ်က မျက်စပစ်လာတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။  လက်ရှိမှာတော့ ဖေ့ဘွတ်ဟာ ကမ္ဘာ့လူသုံးအများဆုံး ဆိုရှယ်မီဒီယာအဖြစ် သုံးစွဲသူ နှစ်ဘီလျံကျော်နဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။ 



-  မိုးတိမ်


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။