Lotayamm

search
မာတိကာ

contents

သတင်းများ

MPT မှ အချိန်နှင့်တစ်ပြေးညီ ဘောလုံးသတင်းများ ဖတ်ရှုနိုင်မည့် “ဘောလုံးစတား” အက်ပလီကေးရှင်း မိတ်ဆက် 

နေ့ရက်:
Jun 14, 2018


အမျိုးအစား :
နည်းပညာ
Akonthi

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအော်ပရေတာ MPT မှ ဘောလုံး အားကစားသတင်းများကို တစ်နေရာထဲတွင် အချိန်နှင့်တစ်ပြေးညီ အလွယ်တကူကြည့်ရှုနိုင်မည့် အက်ပလီကေးရှင်းတစ်ခုကို ဇွန်လ ၁၂ ရက်က ဗိုလ်အောင်ကျော်လမ်းတွင်ရှိ ရုံးချုပ်တွင် မိတ်ဆက်ပွဲအခမ်းအနား ကျင်းပခဲ့သည်။



ထိုသို့မိတ်ဆက်ပေးလိုက်သည့် ဘောလုံးစတား အက်ပလီကေးရှင်းဆော့စ်ဝဲလ်ကို သုံးစွဲသူများအနေဖြင့် လိုတရ (httpး//bs.lotayamm.com/)တွင် ဒေါင်းလုတ်ရယူရမည်ဖြစ်ပြီး 8118 သို့လည်း “DL” ဆို၍ SMS ပေးပို့ခြင်းဖြင့်လည်း ဒေါင်းလုတ်လင့်ခ်ကို ရယူနိုင်မည်ဖြစ်သည်။ 


MPT မှ အချိန်နှင့်တစ်ပြေးညီ ဘောလုံးသတင်းများ ဖတ်ရှုနိုင်မည့် “ဘောလုံးစတား” အက်ပလီကေးရှင်း မိတ်ဆက် 

“ကျွန်တော်တို့ MPT နဲ့ပူးပေါင်းဆောင်ရွက်တာ ၁၀ လလောက်ရှိပါပြီ။အခုမိတ်ဆက်ပေးလိုက်တဲ့ ဘောလုံး အက်ပလီကေးရှင်းနဲ့ပတ်သက်ပြီး ဘေားလုံးအကြောင်းအရာမှန်သမျှ ဥပမာ-ပွဲကြိုခန့်မှန်း ၊ ဒဏ်ရာရရှိသူက အစ ၊ ဂိုးရလဒ်တွေကအဆုံး ဘောလုံးနဲ့ပတ်သက်သမျှသတင်းအကြောင်းအရာမှန်သမျှကို ဘောလုံးချစ်သူများ အနေနဲ့ ဒီအက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူပြီးတာနဲ့ အလွယ်တကူတစ်နေရာထဲမှာ ဖတ်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်” ဟု  အဆိုပါ အက်ပလီကေးရှင်းဆော့စ်ဝဲလ်ကို တီထွင်ဖန်းတီးသည့် ထွဋ်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးဝေဖြိုးထွဋ်က ပြောသည်။



အဆိုပါ အက်ပလီကေးရှင်းဆော့စ်ဝဲအသစ်ကို သုံးစွဲခတစ်ရက်လျှင် ငွေ ၁၀၅ ကျပ်သာကျသင့်မည်ဖြစ်ပြီး သုံးစွဲရယူသူများကို တစ်ပတ်အခမဲ့ဝန်ဆောင်မှုဖြင့်စတင်ပေးသွားမည်ဖြစ်သည့်အပြင် သြဂုတ်လ ၁၂ ရက်အတွင်း နောက်ဆုံးထားပြီး သုံးစွဲပေးသည့် ဘောလုံးချစ်သူများကို ကျေးဇူးတုံ့ပြန်သောအားဖြင့် KIA Picanto 2018 မော်ဒယ်ကားအသစ်တစ်စီးကို ကံစမ်းမဲဖောက်ပေးကာ သြဂုတ်လ နောက်ဆုံးအပတ်တွင် ကံထူးရှင်ကိုကြေညာပြီး ပေးအပ်သွားမည်ဖြစ်သည်။



နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။