Lotayamm

search
မာတိကာ

contents

သတင်းများ

Samsung Galaxy Tab A 8.0 (2017) ကို ဒေါ်လာ ၂၈၀ နဲ့ ရနိုင်ပြီ

နေ့ရက်:
Oct 12, 2017


အမျိုးအစား :
နည်းပညာ
Akhayar

Samsung ကအသစ် ထုတ်ထားတဲ့ Galaxy Tab A 8.0 ကို ယခုအခါ အိန္ဒိယနိုင်ငံမှာ စတင်ရရှိနေပြီဖြစ်ပြီး မကြာခင်မှာ Mid-range specification တွေပါဝင်တဲ့ Metal Body Tablet တစ်လုံးအနေနဲ့ ဖြန့်ချိရောင်းချတော့မှာပါ။ ဈေးနှုန်း ဒေါ်လာ ၂၈၀ ရှိတဲ့ တက်ဘလက်အသစ်ဟာ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ Feature တွေ ပါဝင်တဲ့ Tablet တစ်လုံးလို့ ဆိုနိုင်ပါတယ်။ မျက်နှာပြင်ကြီး စမတ်ဖုန်းတွေ ကြီးစိုးလာတာနဲ့အမျှ Tablet တွေရဲ့ ခေတ်စားမှုဟာ တစ်ဖြည်းဖြည်း လျော့ကျလာပေမယ့် Samsung ကတော့ ဇွဲမလျှော့ပဲ ဈေးကွက်ထဲကို ထပ်မံယူဆောင်လာပါတယ်။


Galaxy Tab A 8.0 (2017) အတွက် စက်တင်ဘာတုန်းကထွက်ခဲ့တဲ့ ကောလဟလတွေဟာ အများအားဖြင့် မှန်ကန်ခဲ့ပါတယ်။ Tab A 8.0 (2017) မှာ ရှစ်လက်မအရွယ် TFT display နဲ့ WXGA resolution ပါဝင်ပြီး Pixel အနေနဲ့ဆိုရင် 1280 x 800 pixels Resolution ရှိပါတယ်။


Processor ကို Qualcomm Snapdragon 425 Quad-core Processor အသုံးပြုထားပြီး 1.4GHz ရှိတဲ့ Adreno 308 GPU ကိုအသုံးပြုထားပါတယ်။ RAM 2GB, Storage 16GB ပါဝင်ပြီး microSD support ကိုလည်း 256GB အထိ ပေးထားပါတယ်။ 8-megapixel ရှိတဲ့ main camera ကတော့ 8MP နဲ့ Autofocus, LED flash တွေပါဝင်ပါတယ်။


ဘက်ထရီသက်တမ်းအနေနဲ့ ကတော့ 5000mAh ရှိတာကြောင့် Video playback အနေနဲ့ဆိုရင် ၁၄နာရီလောက် တာရှည်ခံပါတယ်။ 4G LTE, Android 7.1 Nougat စတဲ့ Software setup တွေပါဝင်တာကိုလည်း တွေ့ရမှာပါ။


 



Copyright © 2017 MPT. All rights reserved.