contents

သတင်းများ

တက္ကစီသမားကို ထိုးကြိတ်ခဲ့ခြင်းအတွက် ဘန်တနာ ပြန်တောင်းပန်

နေ့ရက်:
Sep 13, 2018


အမျိုးအစား :
အားကစား
yangonmedia
တနင်္ဂနွေနေ့နံနက်အစောပိုင်းက ကိုပင်ဟေဂင်တွင် တက္ကစီယာဉ်မောင်းတစ်ဦးကို ရန်ပြုသည့် ဖြစ်ရပ်တစ်ခုရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကအတည်ပြုခဲ့ပြီး တက္ကစီခနှင့်ပတ်သက်၍ အငြင်းပွားမှုများရှိခဲ့ပြီးနောက် ဘန်တနာက ယာဉ်မောင်းကို မေးရိုးကျိုးသည်အထိ ထိုးကြိတ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။
အဆိုပါဖြစ်စဉ်အတွက် မိမိ၏အပြုအမူမှာ မှားယွင်းခဲ့ကြောင်း ဘန်တနာက ပြန်လည်တောင်းပန်ခဲ့သော်လည်း ၎င်း၏ချစ်သူ ဖီ လင်းကမူ တက္ကစီသမားက စတင်ရန်ပြုရန်ကြိုးစားခဲ့ခြင်းဖြစ်ပြီး မိမိကိုပုလင်းဖြင့်ပစ်ပေါက်ခဲ့သည့်အတွက် ဘန်တနာက မိမိကိုယ်ကိုယ် ကာကွယ်သည့်အနေဖြင့် တုံ့ပြန်ခဲ့ရခြင်းဖြစ်ကြောင်းဆိုခဲ့သည်။
KKW
#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။