contents

သတင်းများ

ချဲလ်ဆီးတွင် ကစားချင်ပေမယ့် မန်စီးတီးကို ရောက်ရှိခဲ့ဖြစ်တဲ့အကြောင်း ရိုဘင်ဟို ဖွင့်ဟ ပြောဆို

နေ့ရက်:
Sep 13, 2018


အမျိုးအစား :
အားကစား
Ballonestar
ဘရာဇီးလ်သား ကွင်းလယ်လူ ရိုဘင်ဟိုဟာ မန်စီးတီး အသင်းကို သွားရောက်ကစားတာ ထက်စာရင် ချဲလ်ဆီးအသင်းကို သွားရောက်ကစားချင်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ချဲလ်ဆီး ပရိသတ်များဟာ ၂၀၀၈ ခုနှစ် အပြောင်းအရွေ့ ဈေးကွက်ပိတ်လုဆဲတွင် အသင်းကို ရိုဘင်ဟို ရောက်ရှိလာခဲ့တဲ့ အတွက် အံ့အားသင့်ခဲ့ကြပါတယ်။ ရိုဘင်ဟိုဟာ မန်စီးတီး အသင်းတွင် ပရီးမီးယားလိဂ်ပွဲစဉ် ၄၁ ပွဲ ကစားခဲ့ရာတွင် ၁၄ ဂိုး သွင်းယူခဲ့ပြီးတဲ့ နောက် ကလေးဘ၀က ကစားခဲ့တဲ့ ဆန်းတို့စ်အသင်းကို အငှားနဲ့ သွားရောက်ကစားခဲ့ပါတယ်။ ထို့နောက်၊ ရိုဘင်ဟာ အီတလီ အေစီမီလန် အသင်းကို ပြောင်းရန်အတွက် ၂၀၁၀ ခုနှစ်တွင် စီးတီကို စွန့်ခွာပြီး အပြီးသတ်ထွက်သွားခဲ့ပါတယ်။ သို့ရာတွင်၊ ရိုဘင်ဟိုဟာ ရီးရဲလ်အသင်းကနေ တစ်ပြည်တည်းသား စကာလိုနီ ရှိတဲ့ ချဲလ်ဆီး အသင်းကို ပြောင်းရန် ကြိုးစားခဲ့စဉ်တွင် ရီးရဲလ်အသင်းကြောင်း အဆင်မပြေခဲ့ပါဘူးလို့ ပြောသွားခဲ့ပါတယ်။ ရိုဘင်ဟိုက “ကျွန်တော် ချဲလ်ဆီး အသင်းကို သွားချင်ခဲ့ပါတယ်။ ချဲလ်ဆီး အသင်းမှာ မတူညီတာတွေ လုပ်နိုင်လိမ့်မယ်လို့ စကာလိုနီက ကျွန်တော့်ကို ပြောခဲ့ပါတယ်။ဒါပေမယ့် ရီးရဲလ်အသင်းက ချဲလ်ဆီး အသင်းနဲ့ ဆိုးရွားစွာ အဆုံးသတ်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကို ကျွန်တော် မရောက်ခင် ချဲလ်ဆီးအသင်းက ကျွန်တော့် ၀တ်စုံကို ရောင်းခဲ့ပါတယ်။ ရီးရဲလ်အသင်းက ဒါကို လုံးဝ မကြိုက်ပါဘူး။ ဒါက ချဲလ်ဆီးအသင်းနဲ့ ညှိနှိုင်းမှု အဆင်မပြေ ဖြစ်စေ ခဲ့တယ်လို့ ထင်ပါတယ်။ ဒါက ရီးရဲလ်အသင်း သိက္ခာကို ထိခိုက်လို့ နေမှာပါ” အဲဒီနှစ် မတိုင်ခင် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ၀င်ရောက်ကစားခဲ့တဲ့ ချဲလ်ဆီး အသင်းကို တကယ့် ပြောင်းချင်ခဲ့ပါတယ်။မန်စီးတီး အသင်းက ချန်ပီယံလိဂ်ကို အဲနှစ်က မ၀င်ခဲ့ပါဘူး လို့ ပြောခဲ့ပါတယ်။ ရိုဘင်ဟိုဟာ မန်စီးတီး အသင်းကို ပြောင်းသွားခဲ့တာ နောင်တရမှာ မဟုတ်ပေမယ့်လည်း ရီးရဲလ်အသင်း အတွက် ကစားစဉ်က ပိုကောင်းမွန်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ လက်ရှိ တူရကီကလပ် ဆီဗာက်ပို တိုက်စစ်မှူး ရိုဘင်ဟိုက “ကျွန်တော့် မန်စီးတီးအသင်း ကို ပြောင်းခဲ့ပါတယ်။ သူတို့က ကျွန်တော့်ကို အကောင်းဆုံးကြိုဆိုခဲ့ပါတယ်။ ကျွန်တော် မန်စီးတီး အသင်းမှာ ၁ နှစ် ခွဲ ကစားခဲ့ပါတယ်”“ရီးရဲလ်အသင်းက တံခါး ဖွင့်နေတဲ့ အသင်းပါ။ ဥရောပ အောင်မြင်ဖို့ ကျွန်တော့်ကို အခွင့်အရေး ပေးခဲ့ပါတယ်။ အသင်းတွက် လုပ်ပေးခဲ့တဲ့ မှတ်ညဏ်ကောင်းတွေကို ထားခဲ့ဖို့ ရုန်းကန်ခဲ့ရ ပါတယ်”လို့ ပြောခဲ့ပါတယ်။
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။