Lotayamm

search
မာတိကာ

contents

သတင်းများ

ကနဦးထုတ်ပြန်လိုက်တဲ့ ချန်ပီယံလိဂ်အကောင်းဆုံးကစားသမား စာရင်းကို ရီရဲလ်အသင်းကစားသမား အများဆုံးပါဝင် ဦးဆောင်

နေ့ရက်:
Aug 11, 2018


အမျိုးအစား :
အားကစား
Akonthi

၂၀၁၇-၁၈ ချန်ပီယံလိဂ်ရာသီရဲ့ နေရာအလိုက် အကောင်းဆုံးကစားသမား ဆန်ကာတင်စာရင်းတွေကို UEFA က ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပြီး ရီရဲလ်အသင်းက ကစားသမားတွေအများဆုံးပါဝင်လာတယ်လို့ သိရပါတယ်။ 


ရီရဲလ်မက်ဒရစ်

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့အသင်းပေါင်း ၃၀ ကျော်ထဲမှာ အကောင်းဆုံး(၁၁) ယောက်စာ တစ်နေရာချင်းစီအတွက် သုံးဦးစီ ဆန်ကာတင်ရွေးချယ်ထားတာဖြစ်ပြီး ဒီအထဲမှာတော့ ရီရဲလ်အသင်းက ဂျုဗင်တပ်ကို ပြောင်းသွားတဲ့ စီရော်နယ်ဒိုအပါအ၀င် (၇)ယောက်အထိ လျာထားခံရတာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဂိုးသမားနေရာအတွက် သုံးဦးကို လက်ရှိလီဗာပူးအသင်းဆီပြောင်းရွှေ့ ထားတဲ့ ရိုးမားအသင်းက အလီဆင်ဘက်ကာ၊ ပီအက်ဂျီကိုပြောင်းသွားတဲ့ ဂျုဗင်တပ်ကစားသမားဟောင်း ဘူဖွန်၊ ရီရဲလ်အသင်းက ကေလာနာဗက်စ်တို့ ဖြစ်ပါတယ်။ နောက်တန်းခံစစ်မှုးတွေနေရာမှာတော့ ရီရဲလ်ကစားသမားတွေဖြစ်ကြတဲ့ မာဆယ်လို၊ ရာမို့ စ်၊ ဗာရာနီတို့ ကို ရွေးချယ်ထားတာဖြစ်သလို ကွင်းလယ်ကစားသမားတွေအဖြစ် ရီရဲလ်အသင်းက တိုနီခရူး၊ လူကာမိုဒရစ်၊ မန်စီးတီးအသင်းက ဒီဘရိုင်းတို့ ပဲ ဖြစ်ပါတယ်။ တိုက်စစ်နေရာအတွက်ကိုတော့ ဘာစီလိုနာက မက်ဆီ၊ ရီရဲလ်/ဂျုဗင်တပ်က စီရော်နယ်ဒိုနဲ့ လီဗာပူးက မိုဟာမက်ဆာလက်ရှ်တို့ ကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။ ဒီစာရင်းထဲကနေ ကစားသမားသုံးဦးရွေးထုတ်ပြီး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ် တစ်ဦးတည်းကို သြဂုတ်လ ၃၀ ရက်မှာ အသိပေးကြေညာသွားမှာဖြစ်သလို နေရာအလိုက် အကောင်းဆုံးကစားသမားတစ်ဦးစီကိုလည်း ထပ်မံရွေးချယ်ကြေညာပေးသွားမယ်လို့ ဆိုပါတယ်။ အထူးသဖြင့် မိုနာကိုမြို့ မှာ သြဂုတ်လ ၃၀ ရက်မှာ ကျင်းပမယ့် UEFA ချန်ပီယံလိဂ်အုပ်စုမဲခွဲပွဲအပြီးမှာ အသိပေးကြေညာသွားမှာဖြစ်ပါတယ်။



အကောင်းဆုံးကစားသမားဆန်ကာတင်စာရင်းကိုတော့ ရီရဲလ်၊ ဘာစီလိုနာ၊ ဂျုဗင်တပ်၊ ရိုးမား၊ လီဗာပူးနဲ့ မန်စီးတီးအသင်းက ကစားသမားတွေပဲ ကြီးစိုးထားသလို နိုင်ငံအလိုက်ဆိုရင်တော့ စပိန်၊ အီတလီနဲ့ အင်္ဂလန်ကလပ်တွေပဲ ကြီးစိုးထားသလို ဖြစ်နေတာကိုလည်း တွေ့ ရပါတယ်။ ၂၀၁၆-၁၇ ရာသီတုန်းကတော့ ဂိုးသမားဆုကို ဂျုဗင်တပ်က ဘူဖွန်၊ နောက်တန်းကစားသမားဆုကို ရာမို့ စ်၊ ကွင်းလယ်ကစားသမားဆုကို မိုဒရစ်နဲ့ တိုက်စစ်ကစားသမားဆုကို စီရော်နယ်ဒိုတို့ က ရရှိထားတယ်လို့ သိရပါတယ်။ 



   - မိုးတိမ်


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။