contents

သတင်းများ

၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲသို့ မြောက်ကိုရီးယားထိပ်တန်းခေါင်းဆောင်တစ်ဦး တက်ရောက်မည် 

နေ့ရက်:
Jul 13, 2018


အမျိုးအစား :
အားကစား
Akonthi

လာမည့် ဇူလိုင်လ ၁၅ ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် ၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲသို့ မြောက်ကိုရီးယားနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် မြောက်ကိုရီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ လီယောင်နမ် တက်ရောက်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံရှိ ရုရှားသံရုံးက ဇူလိုင်လ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာလိုက်သည်။



ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ပြင်သစ်အသင်းနှင့် ခရိုအေးရှားအသင်းတို့သည် ဇူလိုင်လ ၁၅ ရက်နေ့ ဒေသစံတော်ချိန် ၆ နာရီတွင် လုဇနီကီကွင်း၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ “ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ ဖိတ်ကြားချက်အရ မြောက်ကိုရီးယားနိုင်ငံ၏ ဒုတိယ၀န်ကြီးချုပ်နှင့် မြောက်ကိုရီးယားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ လီယောင်နမ်သည် ၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ပိတ်ပွဲအခမ်းအနား တက်ရောက်မည်”ဟု မြောက်ကိုရီးယားနိုင်ငံရှိ ရုရှားသံရုံးက သံရုံး၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။


၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲသို့ မြောက်ကိုရီးယားထိပ်တန်းခေါင်းဆောင်တစ်ဦး တက်ရောက်မည် 

မြောက်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ မင်ယောင်နမ်သည် ၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲသို့ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ(IOC) ဥက္ကဋ္ဌ သောမတ်ဘတ်ခ်ျ လည်း တက်ရောက်မည်ဖြစ်သည်ဟုဆိုသည်။ ဖီဖာအနေဖြင့် IOC ဥက္ကဋ္ဌ ကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲသို့ တက်ရောက်ရန် ဖိတ်ကြားလေ့ရှိပြီး ဥက္ကဋ္ဌ သောမတ်ဘတ်ခ်ျသည် ဘရာဇီးနိုင်ငံတွင် ကျင်းပခဲ့သော ၂၀၁၄ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲသို့လည်း တက်ရောက်ခဲ့သူဖြစ်သည်။



ရုရှားအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကိုဗ်က ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်သည်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲအား သွားရောက်ကြည့်ရှုအားပေးရန် စီစဉ်ထားသည်ဟု အစောပိုင်းက ပြောဆိုထားသည်။


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။