Lotayamm

search
မာတိကာ

contents

သတင်းများ

ဂျုဗင်တပ်ရောက် စီရော်နယ်ဒိုကြောင့် ဒိုင်ဘာလာကို ပေါင်သန်း ၈၀ ပေးပြီး ခေါ်ယူဖို့ လီဗာပူး စိတ်ဝင်စားလာ

နေ့ရက်:
Jul 12, 2018


အမျိုးအစား :
အားကစား
Akonthi

ဂျုဗင်တပ်အသင်းဆီ စီရော်နယ်ဒို ရောက်လာတဲ့အတွက် ကွင်းလယ်တိုက်စစ်ကစားသမား ပေါ်လိုဒိုင်ဘာလာကို လီဗာပူးအသင်းက ပေါင်သန်း ၈၀ အထိပေးချေခေါ်ယူသွားဖို့ စိတ်ဝင်စားလာတယ်လို့ အားကစားသတင်းဌာန Metro က ရေးသားဖော်ပြလိုက်ပါတယ်။


ဒိုင်ဘာလာ

အာဂျင်တီးနားအခြေစိုက်မီဒီယာတွေကို ကိုးကားပြီး မက်ထရိုက ရေးသားဖော်ပြခဲ့ခြင်းဖြစ်သလို အစောပိုင်းက လီဗာပူးအသင်းရဲ့ ငြင်းဆိုထားမှုကို ပြောင်းပြန်ဖြစ်စေတဲ့သတင်းအဖြစ် အံ့အားသင့်ဖွယ် ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။ အထူးသဖြင့် စီရော်နယ်ဒိုရောက်လာတဲ့အတွက် တိုက်စစ်နေရာ ဦးစားပေးမှုတွေမှာ ဒိုင်ဘာလာအတွက် အကျပ်အတည်းကြုံတွေ့ ရနိုင်တဲ့အပြင် ပွဲထွက်ခွင့်ပါ အာမခံချက်ပျောက်ဆုံးလာနိုင်တဲ့အတွက် ကော်တင်ဟိုကွက်လပ်ဖြည့်ချင်တဲ့ လီဗာပူးက စိတ်ဝင်စားလာတာလည်းဖြစ်ပါတယ်။ ဒိုင်ဘာလာဟာ အာဂျင်တီးနားအသင်းမှာလည်း မက်ဆီကြောင့် ပွဲထွက်ခွင့်ဆုံးရှုံးထားရတဲ့အပြင် ဂျုဗင်တပ်မှာပါ စီရော်နယ်ဒိုကြောင့် ပွဲထွက်ခွင့်ဆုံးရှုံးမှာကို စိုးရိမ်မှာဖြစ်တဲ့အတွက် ပွဲထွက်ခွင့်အာမခံချက်ကောင်းတဲ့ လီဗာပူးအသင်းဆီ ပြောင်းရွှေ့ ရေးဟာ လမ်းစပွင့်လာနိုင်တယ်လို့ လည်း သုံးသပ်နေကြပါတယ်။ လက်ရှိတန်ကြေး ပေါင်သန်း ၈၀ ထက်မနည်းရှိနေတဲ့ ဒိုင်ဘာလာအတွင်း လီဗာပူးအသင်းကလည်း စီရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ စာချုပ်ကို စောင့်ဆိုင်းပြီးမှ စိတ်ဝင်စားမှုပြသခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။



အသက် ၂၄ နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမား ဒိုင်ဘာလာဟာ ဖန်တီးမှုအားကောင်းသူဖြစ်သလို ကွင်းလယ်ကနေ ကိုယ်တိုင်ကိုယ်ကျ ဂိုးသွင်းယူတတ်သူတစ်ဦးဖြစ်တဲ့အတွက် လီဗာပူးအသင်းရဲ့ တိုက်စစ်အသားပေး ကစားကွက်မှာ အဓိကကစားသမားတစ်ဦးလည်း ဖြစ်လာနိုင်တယ်လို့ ထောက်ပြကြပါတယ်။ လက်ရှိမှာတော့ အသင်းဆီကို ရောက်ရှိလာပြီဖြစ်တဲ့ စီရော်နယ်ဒို ကြိုဆိုကြောင်း ဒိုင်ဘာလာက သူ့ ရဲ့ အင်စတာဂရမ်ကနေ ရေးသားဖော်ပြခဲ့တယ်လို့ လည်း သိရပါတယ်။



   - မိုးတိမ်


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။