Lotayamm

search
မာတိကာ

contents

သတင်းများ

ပရီးမီးယားလိဂ်မှာ ဆက်နေရင်အာဆင်နယ်အသင်းကို သစ္စာဖောက်သလိုဖြစ်သွားလိမ့်မယ်လို့ အာဆင်ဝင်းဂါးဆို

နေ့ရက်:
May 17, 2018


အမျိုးအစား :
အားကစား
Ballonestar
အာဆင်နယ်အသင်းကို ၂၂နှစ်ကြာ ကိုင်တွယ်ခဲ့အပြီး စွန့်ခွာတော့မယ့် နည်းပြအာဆင်ဝင်းဂါးက ပရီးမီးယားလိဂ်ရဲ့အခြားအသင်းတစ်သင်းကိုပြောင်းရွှေ့ကိုင်တွယ်ခဲ့ပါက အာဆင်နယ်အသင်းကို
သစ္စာဖောက်သလို ခံစားမိလိမ့်မယ်လို့ ရင်ဖွင့်သွားခဲ့ပါတယ်။

အာဆင်ဝင်းဂါးဟာ ရာသီပိတ်နောက်ဆုံးပွဲစဉ်မှာ ဟက်ဒါစဖီးလ် အသင်းကို အနိုင်ရရှိခဲ့အပြီး အသင်းကနေ နှုတ်ထွက်ထားခဲ့တာဖြစ်ပြီး၊ နည်းပြသစ်ဖြစ်လာဖို့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အာတီတာ က
ရေပန်းအစားဆုံးမှာ ရှိနေပါတယ်။

Goal ရဲ့ဖော်ပြချက်အရ အာဆင်ဝင်းဂါးဟာ ကလပ်အသင်းတသင်းကို စီမံကိုင်တွယ်သွားဖို့ထက်၊ အားကစားဒါရိုက်အဖြစ်သာ လုပ်ကိုင်သွားဖွယ်ရှိနေပြီး၊ ဒါမှမဟုတ်နိုင်ငံလက်ရွေးစင် အသင်းတသင်းကို
တာဝန်ယူသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

မူလသတင်းတွေအရ ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီ အသင်းဟာ အာဆင်ဝင်းဂါးကို နည်းပြသစ်အဖြစ် လျာထားနေခဲ့တယ်လို့ သိရပေမယ့် အခုချိန်မှာတော့ ဒေါ့မွန်နည်းပြဟောင်း သောမက်စ်တူချယ်ကို
ခန့်အပ်လိုက်တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဝက်ဘ်ဆိုက်ဒ် နဲ့အင်တာဗျူးမှာအာတင်ဝင်းဂါးက အာဆင်နယ်အသင်းမရှိတော့ပဲ ရှေ့ဆက်ရမယ့်ဘဝဟာ ကျွန်တော့်အတွက် အရမ်းခက်ခဲမယ်ဆိုတာ သေချာပါတယ်။

လတ်တလောမှာ ကျွန်တော်စဉ်းစားရမယ့် အချက်တခုရှိနေပြီး၊ ဒါကတော့ ကျွန်တော်ဟာ ဒီအလုပ်ကိုဆက်လုပ်နေဦးမယ်ဆိုရင် အင်္ဂလန်မြေကိုစွန့်ခွာဖို့ လိုတယ်ဆိုတာပဲဖြစ်ပါတယ်။

တကယ်လို့ ဒီမှာသာဆက်နေမယ်ဆိုရင် "အာဆင်နယ်အသင်းကို သစ္စာဖောက်သလိုဖြစ်သွားမယ်လို့ ခံစားရပါမယ်။ လူတွေကလည်း ကျွန်တော်ဟာ ကျွန်တော်တည်ဆောက်ပေးခဲ့တဲ့
အသင်းကို သစ္စာဖောက်နေတယ်လို့ထင်မှတ်သွားကြပါလိမ့်မယ်။ ကျွန်တော့်နှလုံးသားထဲက အသင်းဟာ ဒီနေရာမှာပဲ ထာဝရ ရှိနေတော့မှာဖြစ်ပါတယ်။ ဘန်လေနဲ့ ပွဲအပြီးမှာ ကျွန်တော်ပြောထားခဲ့သလိုပဲ
ကျွန်တော်ဟာ အာဆင်နယ်အသင်းကို အခြားသူအားလုံးထက်ချစ်ခင်အားပေးတဲ့သူတစ်ဦးပါပဲ"လို့ ထုတ်ပြောသွားခဲ့ပါတယ်။

အာဆင်ဝင်းဂါးရဲ့အာဆင်နယ်အသင်းဟာ ယခုရာသီယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ အေတီကို အသင်းကို ရှုံးနိမ့်ထွက်ခွာခဲ့ရလို့ လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း ဆက်လက်လွဲချော်ဦးမှာဖြစ်ပါတယ်။
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။