Lotayamm

search
မာတိကာ

contents

သတင်းများ

အာဆင်နယ်အသင်းမှ ဆက်သွယ်မှုတွေရှိနေသော်လည်း ဟော့ဖန်ဟိန်း အသင်းမှာပဲ ဆက်နေလိမ့်မယ်လို့ပြောဆို လိုက်တဲ့ နဂျယ်စ်မန်း

နေ့ရက်:
May 16, 2018


အမျိုးအစား :
အားကစား
Ballonestar
အာဆင်နယ်အသင်က နည်းပြအဖြစ်ခေါ်ယူမယ်လို့ သတင်းတွေ ထွက်နေသော်လည်း နဂျယ်စ်မန်းက နောက်ရာသီမှာ ၁၀၀ ရာနှုန်းဖြင့် ဟော့ဖန်ဟိန်းရဲ့နည်းပြအဖြစ် ရှိနေမှာပါလို့ အသင်းက
အတည်ပြုပြောလိုက်ပါတယ်။

ဘိုင်ယန်က သူ့ကို လျစ်လျူရှုသွားပြီးနောက်မှာ အသက် ၃၀ အရွယ်နည်းပြဟာ အာဆင်ဝင်းဂါးရဲ့နေရာကို ဆက်ခံမယ်လို့ပြောဆိုနေကြပါတယ်။

အာတီတာ၊ အယ်လီဂရီနှင့် နဂျယ်စ်မန်းတို့ဟာ အီမရိတ်ကွင်းကြီးမှာ လစ်လပ်နေတဲ့နေရာအတွက် နီးစပ်နေတဲ့ သူတွေဖြစ်ကြသော်လည်း ဟော့ဖန်ဟိန်းအသင်းကတော့ သူတို့ရဲ့နည်းပြက ဘယ်အသင်းကိုမှ
မသွားဘူးလို့ ယုံကြည်နေပါတယ်။

အသင်းရဲ့ အားကစားဒါရိုက်တာ အလက်ဇန်းဒါး ရော့ဆန်ကလည်း နည်းပြ အာဆင်နယ်ကို တာဝန်ယူနိုင်တယ်ဆိုတဲ့သတင်းကိုလည်း ငြင်းပယ်ထားပါတယ်။

နဂျယ်စ်မန်းက နောက်ရာသီမှာ အသင်းရဲ့ နည်းပြအဖြစ် ၁၀၀ ရာနှုန်း ဆက်ရှိနေမှာပါလို့ ဂျာမနီမှာ မော်ရင်ဟို အသေးစားလို့ နာမည်ပြောင်ပေးထားတဲ့ သူတို့ရဲ့ နည်းပြအကြောင်းကို Sky သို့
ရော့ဆန်ကပြောပါတယ်။

အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း ပက်ထရစ်ဗီအဲယားကိုလည်း လစ်လပ်နေတဲ့နေရာအတွက် ဆက်သွယ်ထားပြီး ပီအက်စ်ဂျီ အသင်းမှာ ထွက်တော့မယ့် အမ်မရီကတော့ အဲဒီရာထူးအတွက်
သူ့ကို ဆက်သွယ်ထားတာမရှိဘူးလို့ ပြောဆိုထားပါတယ်။

အခုချိန်မှာတော့ အာတီတာက နည်းပြရာထူးအတွက် တစ်ပြေးနေတဲ့သူဖြစ်တယ်လို့ Goal က ပြောထားပါတယ်။

၂၀၁၇မှာ ဘာစီလိုနာမှာ ထွက်ခဲ့တဲ့ နည်းပြ အင်းနရစ်ကလည်း နည်းပြရာထူးအတွက် ပြောဆိုနေကြတဲ့သူဖြစ်ပြီး ဂျူဗင်တပ်နည်းပြ အယ်လီဂရီကတော့ စီးရီးအေ ချန်ပီယံအသင်းမှာပဲ
ဆက်နေမယ်လို့ပြောဆိုထားပါတယ်။
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။