Lotayamm

search
မာတိကာ

contents

သတင်းများ

စပိန်နဲ့ ခြေစမ်းပွဲကို ပရင်ဆီပယ်လတီ ကွင်းကြီးမှာ ကစားသွားမယ်လို့ ဝေးလ်အက်အေ အတည်ပြု

နေ့ရက်:
May 16, 2018


အမျိုးအစား :
အားကစား
Ballonestar
ယခုနှစ်အတွင်းကစားဖို့ ရှိနေတဲ့ စပိန်အသင်း နဲ့ ခြေစမ်းပွဲကို ကာဒစ်ပြည်နယ်မှာရှိတဲ့ ပရင်ဆီပယ်လတီ ကွင်းကြီးမှာ ကစားသွားမှာဖြစ်တယ်လို့ ဝေးလ်အက်အေက ကြေငြာခဲ့ပါတယ်။

အောက်တိုဘာလ ၁၁ရက်နေ့မှာ ကစားသွားဖို့ ရှိနေတဲ့ အဆိုပါပွဲစဉ်ကိုဝေးလ် ရပ်ဘီအသင်းရဲ့အိမ်ကွင်းအဖြစ်အသုံးပြုနေတဲ့ ပရိသတ် ၇၄,၀၀၀ဆန့် ဒီကွင်းကြီးမှာ ကျင်းပသွားမှာဖြစ်ပြီး ဒီကွင်းကြီးမှာ
ဝေးလ်ဘောလုံးအသင်းရဲ့ ပွဲတွေကျင်းပခဲ့ခြင်းမရှိတာဟာ ၇နှစ်ခွဲအချိန်အထိ ကြာမြင့်နေခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီးဝေးလ်အက်အေအမှုဆောင်ချုပ်ဂျိုနသန်ဖော့ဒ်က ကမ္ဘာ့အဆင့်ကစားသမားတွေရဲ့ ထိပ်တန်းအသင်း တသင်းကို မျက်ဝါးထင်ထင်အားပေးခွင့်ရမယ့် ပရိသတ်တွေအတွက်မဟာ
အခွင့်အရေးကြီးတခုပဲဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ လူတိုင်းကို ပရင်ဆီပယ်လတီ ကွင်းကြီးမှာကစားခွင့်ရဖို့၊ ပွဲတွေကြည့်ခွင့်ရဖို့ လုပ်ပေးချင်ခဲ့တာဖြစ်ပြီးအခုတော့ အဲဒါကိုလုပ်ပေးနိုင်ခဲ့ပါပြီလို့ ပြောခဲ့ပါတယ်။

၂၀၁၇ခုနှစ်ချန်ပီယံလိဂ် ဖိုင်နယ်အဖြစ် ရီးရဲလ်နဲ့ ဂျူဗီတို့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်ကို အဆိုပါကွင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး၊ ရီးရဲလ်အသင်းကအနိုင်ရဗိုလ်စွဲထားခဲ့ပါတယ်။

ကွင်းကြီးရဲ့ မန်နေဂျာဖြစ်သူ မတ်ခ်ဝီလျံကတော့ ဒီကွင်းကြီးဟာ နိုင်ငံတကာအဆင့် ဘောလုံးပွဲစဉ်တွေ ကျင်းပနိုင်တဲ့ ဘောလုံးကွင်းကြီးတကွင်းဖြစ်တယ်ဆိုတာကို မေးခွန်းထုတ်စရာတောင်မလိုပါဘူး။

ပွဲတွေပြန်ကစားဖို့ ရောက်လာမယ့်ဝေးလ်ဘောလုံးအသင်းကိုပြန်ကြိုဆိုခွင့်ရမှာဖြစ်လို့ကျေနပ်မိပါတယ် လို့ ပြောသွားခဲ့ပါတယ်။

တနင်္လာနေ့မှာထုတ်ပြန်ထားခဲ့တဲ့ကြေငြာချက်တခုမှာတော့ လာမယ့်ဆောင်းရာသီမှာ ကစားဖို့ ရှိနေတဲ့ဥရောပလိဂ်ပွဲစဉ်တွေနဲ့ ဝေးလ်အသင်းရဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်တွေကိုပရိသတ် ၃၃,၂၈၀ဆန့်
ကာဒစ်စီးတီး ကွင်းကြီးမှာ လက်ခံကျင်းပသွားမယ်လို့ ဖော်ပြထားပါတယ်။

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။