contents

သတင်းများ

“ချန်ပီယံလိဂ်ပြိုင်ပွဲကနေ တွန်းချခံရသည့်နောက် မက်ဆီနာကျင်နေပါတယ်” --- နည်းပြဗယ်ဗာဒီ

နေ့ရက်:
Apr 15, 2018


အမျိုးအစား :
အားကစား
Ballonestar
နည်းပြချုပ်ဗယ်ဗာဒီက တိုက်စစ်မှူးမက်ဆီကို ဆက်လက်အားတင်းဖို့ ခေါ်ပြောခဲ့ပေမယ့်လည်း ဘာစီလိုနာအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှ ရှင်းထုတ်ခံလိုက်ရသဖြင့် သူနာကျင်နေတယ်လို့ ပြောခဲ့ပါတယ်။

ဘာကာအသင်းဟာ ရိုမားအသင်းနှင့်ပထမအကျော့ကစားစဉ်က ၄-၁ နှင့်အလေးသာမှုကို အသုံးမချနိုင်ခဲ့ရုံမက ဒုတိယအကျော့အီတလီမြေမှာ သွားရောက်ကစားတဲ့ပွဲစဉ်တွင်လည်း ၃-၀ နှင့်အရေးနိမ့်ခဲ့သဖြင့် အဝေးကွင်းအားနည်းမှုကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရပါတယ်။

ဒီပွဲစဉ်ဟာ မက်ဆီအတွက် မေ့ပစ်ရမယ့် ညမိုက်ညဖြစ်ပြီး နည်းပြဗယ်ဗာဒီက ယခုအပတ် စနေနေ့တွင် အဝေးကွင်းပွဲစဉ်အဖြစ် ဗလန်စီယားအသင်းနှင့် ကစားရမှာဖြစ်လို့ အသင်းအနေနှင့် ရလာဒ်အပေါ်မှာ စိတ်ပျက်နေလို့မရပါဘူးလို့ ပြောသွားခဲ့ပါတယ်။

နည်းပြဗယ်ဗာဒီက “ မက်ဆီဟာ သူ့ရဲ့ကစားဖော်တွေနှင့် တူပါတယ်။ ကျွန်တော်တို့ အနည်းအကျဉ်း ဝမ်းနည်းရပြီး စိတ်ဓတ်ကျနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီစိန်ခေါ်မှုကို ရင်ဆိုင်ရမှာပါ။ ဘောလုံးတွေကို ပြန်လည်ရွေ့လျားရမှာပါ။ ဒါက ဘယ်လိုဖြစ်နေတာလဲ ဆိုတာပါပဲ”

“ မက်ဆီဟာ သူ့ရဲ့ကစားသမားဘဝအတွင်း ချန်ပီယံလိဂ်ဆုဖလားကို ပိုမိုအောင်ပွဲခံခဲ့တဲ့ ကစားသမားများစွာထဲက တစ်ယောက်ပါ။ ချန်ပီယံလိဂ် ဆုဖလားကို ရရှိဖို့ဆိုတာ မလွယ်ပါဘူး။ တစ်သင်းပဲ ဒါကို ရရှိနိုင်မှာပါ။ ဒီတော့ ဒါက တအားခက်ခဲပါတယ်”

“ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကျည်းတန်တဲ့အခိုက်အတန့်တွေ ရှိလို့မရပါဘူး။ ဒါပေမယ့် ဒါက တစ်ချို့ရက်မှာ ကျွန်တော်တို့ထံ ဖြစ်လာခဲ့ပါတယ်” လို့ပြောသွားခဲ့ပါတယ်။

ဘာကာအသင်းဟာ ရှုံးပွဲမရှိဘဲ လာလီဂါအမှတ်ပေးဇယား ထိပ်ဆုံးကနေ ပွဲစဉ် ၃၁ ကစားလို့ ပြီးမှာတော့ အဆင့် ၂ နေရာက အက်သလက်တီဂိုမက်ဒရစ်အသင်းကို ၉ မှတ်ဖြတ် ထားပါတယ်။
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။