Lotayamm

search
မာတိကာ

contents

သတင်းများ

“ရီးရဲလ်အသင်းဟာ ဆာလတ်ကိုခေါ်ယူဖို့ စိတ်ဝင်စားခြင်းမရှိပါဘူး” --- ကလောင်ရှင်ဘာလာဂူ

နေ့ရက်:
Apr 15, 2018


အမျိုးအစား :
အားကစား
Ballonestar
လီဗာပူးလ်ပရိတ်တွေကြားချင်တဲ့သတင်းဖြစ်မှာပါ။ မိုဟာမတ်ဆာလတ်ဟာ လက်ရှိအသင်းမှာပဲ ဆက်ရှိနေမှာဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ စပိန်အသင်းကြီးရီးရဲလ်မက်ဒရစ်က အီဂျစ်ဂိုးသွင်းရှင်ဆာလတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခြင်းမရှိလို့ဖြစ်ပါတယ်။

ရီးရဲလ်အသင်းဟာ စိတ်ပျက်ဖွယ်ရာသီကုန်ပြီးနောက် အသင်းကိုပြန်လည်အားဖြည့်ဖို့ အရူးအမှုးဖြစ်နေပေမယ့်လည်း ယခုနှစ်ရာသီတွင် ၃၉ ဂိုးအထိသွင်းယူထားတဲ့ ဆာလတ်ကို အလိုမရှိဘူးလို့ စပိန်အတွင်းလူတစ်ဦးက ဆိုပါတယ်။

ရီးရဲလ်အသင်းအနေနှင့် ဘရတ်ဘေးလ်လို့ ကစားသမားအတွက် အစားထိုးဖို့ ဆာလတ်ကို အလိုရှိမလားလို့မေးရာတွင် စပိန်ဘောလုံးကလောင်ရှင် ဘာလာဂူက ဗြောင်ပဲအဖြေပေးခဲ့ပါတယ်။

ဘာလာဂူက “ ရီးရဲလ်အသင်းက ဆာလတ်အပေါ်စိတ်ဝင်စားမှု ဘယ်တော့မှာ မပြခဲ့ပါဘူး။ နည်းပြကလော့ကလည်း ဆာလတ် မထွက်ပါဘူးလို့ ပြောသံတွေကျွန်တော်တို့ ကြားရပါတယ်။ ဒါက အဖြေပါပဲ” လို့ စကိုင်းစပေါ့လ်ကို ပြောသွားခဲ့ပါတယ်။

လီဗာပူးလ်ကြယ်ပွင့် မိုဟာမတ်ဆာလတ်က သူ့ရဲ့ရိုမားအသင်းဟောင်း ကစားဖော်များဟာ ယခုအပတ်သောကြာနေ့ ချန်ပီယံလိဂ်ပွဲစဉ်မဲခွဲတုန်းက သူ့ကိုရှောင်ဖို့ စိတ်အားထက်သန်ကြ ပါတယ်လို့ပြောခဲ့ပါတယ်။

ဆာလတ်ဟာ ယမန်နှစ်အပြောင်းအရွေ့ကာလတုန်းက ပေါင်၃၇သန်းနှင့် ရိုမားအသင်းကို စွန့်ခွာခဲ့ပြီး မာဆေးဆိုက်အသင်းသို့ ရောက်ခဲ့ကာ နည်းပြဂျာဂန်ကလော့ရဲ့ကြိုးကြားနီအသင်းနှင့်အတူ အရေးပါတဲ့ရာသီကောင်းမှာ ပျော်ရွင်နေပါတယ်။

ဆာလတ်ဟာ အံ့အားသင့်ဖွယ် ၃၉ ဂိုးသွင်းထားပြီဖြစ်ကာ ယခုအပတ် အင်္ဂါနေ့ညက မန်စီးတီးအသင်းကို ၂-၁ နှင့်အလဲထိုးတဲ့ချန်ပီယံလိဂ်ပွဲစဉ်တွင်လည်း ဂိုးတွေသွင်းခဲ့ပါတယ်။

ဆာလတ် နှင့် လီဗာပူးလ်အသင်းဟာ ၁၉၈၄ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် အနိုင်ကစားခဲ့တဲ့ အီတလီအခြေစိုက် ရိုမားအသင်းနှင့် တစ်ကျော့ပြန်အားပြိုင်သွားရမှာဖြစ်ပါတယ်။
အမ်မာချန်တို့ မာတီတို့ လာလယ်နာတို့ဟာ ယခုနှစ်ရာသီ လီဗာပူးလ်အသင်းအတွက် ထပ်မံပွဲထွက်နိုင်ချေနည်းပါးနေပါတယ်။

နောက်တန်းမာတီရဲ့ရာသီဟာ ပေါင်ဒဏ်ကြောင့် ရုန်းကန်ခဲ့ရပြီးနောက် လုံးဝအဆုံးသတ်သွားခဲ့သလို့ ကွင်းလယ်အဖြတ်ချန်လည်း ကျောရိုးဒဏ်ရာကနေ နာလန်ထူလာခြင်း မရှိသေးတာဖြစ်ပါတယ်။
အမ်မာချန်ဟာ ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ အသင်းအတွက်ထပ်မံ ကစားပေးဖို့ အလားအလာမရှိတော့ပါဘူး။

အာဒံ လာလယ်နာလည်း တံကောက်ကြေဒဏ်ရာကြောင့် ယခုနှစ်ရာသီရဲ့နောက်ဆုံးအပတ်ကို လွဲချော်သွားဖွယ်ရှိပါတယ်။

လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်သရဖူးအတွက် ရည်မှန်းချက်ထားပြီး ဆီမီဖိုင်နယ်အဆင့်တွင် ရိုမားအသင်းနှင့် ရင်ဆိုင်ရမှာဖြစ်ကာ ပရီးမီးယားလိဂ်မှာတော့ ထိပ်သီးအဆင့် ၄ နေရာအတွင်း ရှိနေပါတယ်။
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။