contents

သတင်းများ

ဆောက်သမ်တန်အသင်းရဲ့နည်းပြဖြစ်လာဖို့ ရွေးချယ်ထားတဲ့စာရင်းမှာ တစ်ပြေးနေတဲ့ မာခ်ဟုခ်ျe

နေ့ရက်:
Mar 14, 2018


အမျိုးအစား :
အားကစား
Ballonestar
ရလဒ်တွေဆိုးရွားနေပြီး တန်းဆင်းဇုန်ရဲ့အထက်မှာ တစ်မှတ်အကွာဖြင့် ရပ်တည်နေတဲ့အတွက် တနင်္လာနေ့မှာ ဆောက်သမ်တန်အသင်းက နည်းပြ ပယ်လီဂရီနီကို ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်။

နည်းပြအပြောင်းအလဲတွေမပြုလုပ်မီ ရာသီကုန်အထိက အသင်းရဲ့ဒုတိယဥက္ကဌက စောင့်ကြည့်နေချင်ပြီး စနေနေ့က နယူးကာဆယ်အသင်းကို ၃-၀ ဖြင့် ရှုံးနိမ့်ခဲ့ခြင်းက အထုတ်ခံရဖို့ နိမိတ်ပြနေခဲ့ပါတယ်။

ဒုတိယဥက္ကဌနှင့် အသင်းရဲ့အားကစားဒါရိုက်တာတို့ က နည်းပြအဖွဲ့ဝင်တွေ ထွက်သွားနိုင်ခဲ့မှုအပေါ်ကို ကြိုတင် ပြင်ဆင်ခဲ့ပြီး ပြီးခဲ့တဲ့ အပတ်တွေတုန်းက ဟုခ်ျကို ခန့်အပ်ဖို့ သတင်းတွေ ထွက်နေခဲ့ပါတယ်။

ဇန်နဝါရီလမှာ ဟုခ်ျက စတုတ်စီးတီးအသင်းမှာ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး အသင်းကတော့ တန်းဆင်းဇုန်မှာ ရှိနေ တာပဲဖြစ်ပါတယ်။

သူက စတုတ်အသင်းမှာ ၄ ရာသီခွဲလောက် နည်းပြခဲ့ပြီး သူက အသင်းကို အဆင့် ၉ သုံးကြိမ်နှင့် အဆင့် ၁၃ ဖြင့် တစ်ကြိမ် ပရီးမီယားမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ပရီးမီးယားမှာ အတွေ့အကြုံရင့်ကျက်နေတဲ့ အသက် ၅၄ နှစ်အရွယ်နည်းပြကို ရလဒ်တွေ ကောင်မွန်အောင်လုပ်ဖို့ လိုအပ်နေတဲ့ ဆောက်သမ်တန်အသင်းက စိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။

ကျန်ရှိနေတဲ့ လိဂ်ပွဲ ၈ ပွဲရဲ့ အိမ်ကွင်းပွဲ ၃ ပွဲမှာ ၂ ပွဲက ချဲလ်ဆီးနှင့် မန်းစီးတီးတို့နှင့် ကစားရမှာဖြစ်ပါတယ်။

ဟုခ်ျက ပရီးမီးယားမှာ ပွဲအများဆုံး နည်းပြထားတဲ့ နည်းပြစာရင်းထဲမှာ အာဆင်ဝင်းဂါး၊ ဖာဂူဆန်၊ ရက်နက်ပ် ၊ မိုရက်စ်နှင့် အလာဒွိုက်တို့ရဲ့နောက် အဆင့် ၆ နေရာမှာရပ်တည်နေပါတယ်။

သူက နည်းပြဘဝကို ဇာတိအသင်း ဖြစ်တဲ့ ဝေးလ်အသင်းနှင့် စတင်ခဲ့တာဖြစ်ပြီး သူက ဘလက်ဘန်း၊ မန်းစီးတီး၊ ဖူလ်ဟမ်နှင့် QPR အသင်းတို့မှာလည်း နည်းပြလုပ်ခဲ့ပါတယ်။

သူက ဆောက်သမ်တန်အသင်းမှာ သူ့ရဲ့ကစားသမားဘဝကနေအနားယူတဲ့အချိန်ထိ ၂ နှစ်ကစားခဲ့ပါတယ်။

ပယ်လီဂရီနိုက ပရီးမီယား ၁၇ ပွဲမှာ ၁ပွဲသာအနိုင်ရရှိထားပြီး သူ့ရဲ့ အသင်းရဲ့ကစားသမားတွေကို လျော့ပစ် ခြင်းနှင့် အပြောင်းအလဲပြုလုပ်ခြင်းက မှန်ကန်တဲ့နည်းလမ်းရောက်အောင် မလုပ်နိုင်ခဲ့ပါဘူး။

သူက ကစားပုံးဆိုးရွားခဲ့ပြီး သွင်းဂိုးတွေမရရှိခဲ့ခြင်းကြောင့် ဝေဖန်ခံခဲ့ရပါတယ်။

သို့သော်လည်း သူက အသင်းကို FA ဖလားကွာတားဖိုင်နယ်အထိရောက်အောင် မောင်းနှင်ပေးနိုင်ခဲ့ပြီး တနင်္ဂနွေနေ့မှာ ဝီဂန်အသင်းနှင့် ကစားရမှာဖြစ်ပါတယ်။
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။