Lotayamm

search
မာတိကာ

contents

သတင်းများ

မန်ယူပရိသတ်တဦးကို ပြုမိခဲ့မိတဲ့ ကိစ္စအတွက်ပြန်လည်တောင်းပန်ခဲ့တဲ့ ကာရေဂါ

နေ့ရက်:
Mar 13, 2018


အမျိုးအစား :
အားကစား
Ballonestar
လီဗာပူးလ်နောက်ခံလူဟောင်း ကာရေဂါဟာမန်ယူအသင်းက လီဗာပူးလ် အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ မန်ယူပရိသတ်တဦးကိုတံတွေးနဲ့ ထွေးခဲ့တဲ့ ဗီဒီယို မှတ်တမ်းဟာ အခုရက်ပိုင်းအတွင်းမီဒီယာ
တွေထက်မှာ ပြန့်နှံ့နေခဲ့ပါတယ်။

စကိုင်းစပေါ့ရဲ့ အားကစားအစီအစဉ်တင်ဆက်သူအဖြစ်လုပ်ကိုင်နေတဲ့ ကာရေဂါ ဟာ သူရဲ့လုပ်ရပ်ကြောင့်ကုမ္ပဏီရဲ့ ထုတ်ပယ်မှုကိုခံထားခဲ့ရလို့ သူတင်ဆက်နေကျ တနင်္လာည ဘောလုံးအစီအစဉ်မှာ
ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။

ဒါပေမယ့် အဆိုပါနေ့ နေ့လယ်ပိုင်းမှာပဲ sky news သတင်းအစီအစဉ်ကနေ သူ့ရဲ့လုပ်ရပ်အတွက်ပြန်တောင်းပန်သွားခဲ့ပါတယ်။

skynews နဲ့ အင်တာဗျူးမှာကာရေဂါက ဘာလို့ ဒီလို လုပ်လိုက်မိတယ်ဆိုတာရှင်းပြဖို့ ခက်ပေမယ့် ဒါဟာကျွန်တော်ရဲ့ ရူးနှမ်းတဲ့အခိုက်အတန့် တခုပါပဲ။

၅စက္ကန့်လောက်အချိန်အတွင်း “ကျွန်တော် ရူးမိုက်မိခဲ့ပါတယ်။ ကျွန်တော့်ရဲ့လုပ်ရပ်ဟာ ခွင့်လွှတ်နိုင်စရာ မရှိဘူးဆိုတာလည်း နားလည်ပါတယ်။ ကျွန်တော့်ကြောင့် စကိုင်းစပေါ့ရုပ်သံနဲ့ ကျွန်တော့်ရဲ့
မိသားစုဝင်တွေကိုပါ မျက်နှာပျက်စရာဖြစ်သွားစေခဲ့ပါတယ်။ အသက်၁၄နှစ်အရွယ်မိန်းကလေးတဦးကို လူပုံအလယ်မှာ အခုလိုလုပ်ခဲ့မိလို့လည်း သားသမီးချင်းကိုယ်ချင်းစာမိလို့
အကြီးအကျယ်နောင်တရနေမိပါတယ်’’

ကျွန်တော့်မှာလည်း သူ့လိုအရွယ်သမီးတယောက်ရှိနေလို့ သူ့ဖခင်နေရာမှာဆို ကျွန်တော်ဘယ်လိုပြန်တုန့်ပြန်သွားမလဲဆိုတာ စဉ်းစားလို့တောင်မရပါဘူး။

ကျွန်တော့်ရဲ့လုပ်ရပ်အတွက်အကြီးအကျယ်နောင်တရနေပေမယ့် အခုချိန်မှာ လုပ်နိုင်တာတခုက တောင်းပန်စကားပြောဖို့ပဲရှိပါတယ်။

အချိန်တွေကို နောက်ပြန်လှည့်လို့မရနိုင်တော့တာဖြစ်လို့ လက်ရှိအနေအထားကို ကျွန်တော်လက်သင့်ခံရပါတော့မယ်။

အားလုံးကိုနောက်ထပ်တစ်ကြိမ်တောင်းပန်ပါတယ်ဗျာ လို့ စိတ်မကောင်းစွာနဲ့ဖြေကြားသွားခဲ့ပါတယ်။

စကိုင်းစပေါ့ရုပ်သံကနေထုတ်ပယ်ခံခဲ့ရတာဟာ ဖြစ်သင့်လားလို့ မေးမြန်းခဲ့ရာမှာ ကာရေဂါက တာဝန်ရှိသူတွေက ဒီလိုဆုံးဖြတ်တာဖြစ်လို့ ကျွန်တော့်ရဲ့အဖြေဟာ အရေးမပါလောက်ဘူးလို့ ထင်ပါတယ်။

၂၅နှစ်လောက် အချိန်အထိလူထုမြင်ကွင်းနဲ့ မပြတ်ရှိနေခဲ့တဲ့ ကျွန်တော့်အတွက် ၅ စက္ကန့်လောက်မိုက်မဲမိခဲ့တာဟာ အခုလိုဖြစ်သွားစေခဲ့ပါတယ်။

ဒါပေမယ့် ဒီဖြစ်ရပ်ဟာ ကျွန်တော့်ရဲ့ကစားသမားဘဝပုံရိပ်တွေ၊ အကျင့်စရိုက်ကောင်းတွေကိုကျော်ပြီး အများရဲ့စိတ်ထဲမှာ စွဲမြဲမသွားဖို့ မျှော်လင့်နေမိပါတယ်။

“ သမီးအရွယ်လေးကို စိတ်ဆိုးပြီး ဒီလိုလုပ်လိုက်မိတဲ့ကိစ္စအတွက် ဆင်ခြေမပေးချင်တော့ပါဘူး။ အထူးသဖြင့် လူမြင်ကွင်းမှာလုပ်ကိုင်နေတဲ့ ကျွန်တော့်လိုလူတယောက်ဟာ အခုလိုမတုန့်ပြန်ခဲ့သင့်ပါဘူး။
ရှေ့ဆက်ရမယ့်ဘဝမှာ ကျွန်တော့်ရဲ့အပြုအမူတွေကို ထိန်းသိမ်းနေထိုင်သွားရပါတော့မယ်’’ လို့ ဖြေဆိုသွားခဲ့ပါတယ်။

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။