contents

သတင်းများ

ကာလရှည်အနားယူရဖွယ်ရှိနေလို့ ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်ဖို့ မသေချာတော့တဲ့ဆီဂတ်ဆန်

နေ့ရက်:
Mar 13, 2018


အမျိုးအစား :
အားကစား
Ballonestar
စနေနေ့မှာ ကစားခဲ့တဲ့ ဘရိုက်တန် အသင်းနဲ့ ပွဲအပြီးမှာ အဲဗာတန်ကွင်းလယ်လူဆီဂတ်ဆန်ဟာ ဒူးအရွတ်ဒဏ်ရာ ရ ရှိသွားခဲ့လို့ ကာလရှည်အနားယူရတော့မှာဖြစ်ပါတယ်။

ဆီဂတ်ဆန်ဟာ ဒီပွဲစဉ်မှာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပေမယ့်ပွဲအပြီး ဆေးစစ်မှုအခြေအနေအရ ညာဘက်ဒူးအရွတ်စုတ်ပြဲသွားခဲ့လို့ ခွဲစိတ်ကုသမှုခံယူရတော့မှာဖြစ်ပြီး ၉ လလောက်ဘောလုံးကစားနိုင်တော့
မှာမဟုတ်ဘူးလို့ သိရပါတယ်။

ဆီဂန်ဆန်ရဲ့ အကိုဖြစ်သူ အိုလဖာမာရဲ့အဆိုအရ ဒဏ်ရာအခြေအနေဟာ မူလခန့်မှန်းထားတာထက်ပိုဆိုးရွားခဲ့လို့ အခုလို ကာလရှည် အနားယူဖို့ လိုအပ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဗာတန်အသင်း ဟာ အသက်၂၈နှစ်အရွယ် ဒီအိုက်စလန်သားရဲ့အခြေအနေကို တနင်္လာနေ့မှာထပ်မံစစ်ဆေးသွားမှာဖြစ်ပြီးဒဏ်ရာဘယ်လောက်ပြင်းထန်ခဲ့လဲဆိုတာကို သိရှိနိုင်ဖို့ မျှော်လင့်နေပါတယ်။

အိုက်စလန် အသင်းဟာ ကမ္ဘာ့ဖလား ပွဲစဉ်အဖြစ်လာမယ့်ဇွန်လ ၁၆ရက်နေ့မှာအာဂျင်တီးနား အသင်းနဲ့ စတင်ကစားရမှာဖြစ်လို့ ဆီဂတ်ဆန်ရဲ့ နိုင်ငံအသင်းမှာ ပါဝင်ခွင့်မျှော်လင့်ချက်ဟာ
ဝေးဝါးသွားခဲ့ရပြီ ဖြစ်ပါတယ်။

အဲဗာတန် အသင်းရဲ့ ပရိသတ်တွေဟာဒူးဒဏ်ရာကြောင့် နောက်ခံလူဖျူနက်စ်မော်ရီကို တနှစ်နီးပါး လက်လွှတ်ထားခဲ့ရလို့ ဒူးဒဏ်ရာ တွေရဲ့ ပြင်းထန်မှုကို နားလည်သဘောပေါက်ထားကြပြီး ဖြစ်ပါတယ်။

စနေနေ့မှာ နိုင်ပွဲပြန်ရှာနိုင်ခဲ့တဲ့ အဲဗာတန် အသင်းဟာ အမှတ်ပေးဇယား အဆင့် ၉ နေရာကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။