contents

သတင်းများ

လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်ထားနိုင်ခြင်းမရှိသေးလို့ ဆီဗီလာနဲ့ ပွဲစဉ်မှာ ပါဝင်ဖို့ မသေချာသေးတဲ့ပေါ့ဘာ

နေ့ရက်:
Mar 13, 2018


အမျိုးအစား :
အားကစား
Ballonestar
လီဗာပူးလ် အသင်းနဲ့ ပွဲစဉ်မတိုင်မီပြုလုပ်ခဲ့တဲ့ မန်ယူအသင်းရဲ့လေ့ကျင့်ရေးအစီမှာ ဒဏ်ရာ ရခဲ့တဲ့ကွင်းလယ်လူပေါ့ဘာဟာ အခုချိန်ထိကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ဒါကြောင့် ကြားရက်အတွင်းမှာဆီဗီလာ အသင်းနဲ့ ပွဲကြပ်ရင်ဆိုင်ရမယ့် မန်ယူ အသင်းမှာသူ ပြန်လည်ပါဝင်နိုင်ဖို့ မသေချာသေးတဲ့အခြေအနေဖြစ်သွားခဲ့ရပါတယ်။

လီဗာပူးလ်နဲ့ ပွဲအပြီးမီဒီယာတွေ့ဆုံပွဲမှာ ပေါ့ဘာရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး မော်ရင်ဟိုက ဆီဗီလာနဲ့ပွဲမှာ သူပါလာနိုင်မလားဆိုတာ ကျွန်တော်မသိသေးပါဘူး။

အခုချိန်မှာတော့ "သူဟာ အခြေအနေဆိုးနေဆဲဖြစ်ပြီး သူနဲ့ကျွန်တော်စကားပြောကြည့်လိုက်ပါဦးမယ်။ သူရဲ့ဒဏ်ရာဟာ လေ့ကျင့်ရေးကွင်းမှာ အသင်းဖော်တယောက်နဲ့ထိလိုက်မိခဲ့တာကြောင့်ရရှိခဲ့တာဖြစ်ပါတယ်။
လေ့ကျင့်ရေးအစီအစဉ်ကိုသာ တစ်မိနစ်လောက် ကျွန်တော်စောပြီးသိမ်းခဲ့ရင် အခုလိုမျိုးဖြစ်လာမှာမဟုတ်ပါဘူး"လို့ ပြောခဲ့ပါတယ်။

မန်ယူအသင်းဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ ဆီဗီလာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်၊ ဘရိုက်တန်အသင်းနဲ့ အက်အေဖလားပွဲစဉ်တွေကစားသွားရဖို့ရှိနေလို့ပေါ့ဘာ မပါဝင်နိုင်ခဲ့ပါက
အနည်းငယ်အင်အားလျော့နည်းသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် မားကိုစ့်ရိုဂျို၊ ဟာရဲယားနဲ့ ဘလိုင်းတို့ဟာလည်း ဒဏ်ရာပြဿနာတွေရှိနေခဲ့လို့ မန်ယူ အသင်းရဲ့နောက်ဆုံးလေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်ထားနိုင်ခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။

ဆီဗီလာ အသင်းနဲ့ ပထမအကျော့ပွဲစဉ်မှာ ဂိုးမရှိသရေသာကစားနိုင်ခဲ့တဲ့မန်ယူ အသင်းဟာ အခုပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ဖို့ မဖြစ်မနေလိုအပ်နေပြီးကွင်းလယ်ပိုင်းအတွက် မော်ရင်ဟိုရဲ့လူစာရင်းရွေးချယ်မှုက
အခရာ ကျသွားဖွယ်ရှိနေပါတယ်။
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။