Lotayamm

search
မာတိကာ

contents

သတင်းများ

လက်စွမ်းပြနေသော ဂိုးသမား ကာရီယက်စ်ကို ဦးစားပေး ဂိုးသမားအဖြစ် လီဗာပူး အသုံးပြုတော့မည်

နေ့ရက်:
Feb 14, 2018


အမျိုးအစား :
အားကစား
yangonmedia
 
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ပြိုင်ပွဲအလိုက်ဂိုးသမားများကို အလှည့်ကျပွဲထုတ်ခဲ့ပြီး ပထမရာသီဝက်၌ ကာရီယက်စ်က ဥရောပပြိုင်ပွဲတွင် ပွဲထွက်ကစားကာ၊ ဂိုးသမားမစ်ဂနိုလက်က ပရီးမီးယားလိဂ်တွင်ပွဲထွက်ကစားခဲ့သည်။ ယခုအခါ ကလော့ပ်သည် ဂိုးသမားပွဲထုတ်ပုံကိုပြောင်းလဲခဲ့ပြီး ကာရီယက်စ်အား ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်နှစ်ခုလုံးတွင် အသုံးပြုတော့မည်ဖြစ်သည်။ ကာရီယက်စ်သည် ဆောက်သမ်တန်ကို ဝ-၂ ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် လီဗာပူးအတွက်လက်စွမ်း ပြကာကွယ်နိုင်ခဲ့သည့်အပြင် စပါးနှင့် နှစ်ဂိုးစီသရေကျခဲ့သည့်ပွဲတွင်လည်း ပင်နယ်တီတစ်ဂိုးကို ကာကွယ်နိုင်ခဲ့ခြင်း ကြောင့် ဦးစားပေးဂိုးသမားဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ကာရီးယက်စ်သည် ယခင်က လက်စွမ်းမပြနိုင်ခြင်းကြောင့် ဝေဖန်မှု များနှင့်ရင်ဆိုင်ခဲ့ရသော်လည်း နောက်ပိုင်းပွဲစဉ်များတွင် လက်စွမ်းပြနေခြင်း ဖြစ်သည်။ လီဗာပူးတွင် ပွဲထွက်ကစားခွင့်ရရှိလာခြင်းနှင့်ပတ်သက်၍ ကာရီယက်စ်က ''အပတ်စဉ်တိုင်း ပွဲကစားခွင့်ရနေတာက လက်စွမ်းပြနိုင်ဖို့ အရေးပါတဲ့အချက်ပါပဲ။ ကျွန်တော်ကငယ်ပါ သေးတယ်။ အရင်ကအတွေ့အကြုံ တွေရှိခဲ့တယ်ဆိုပေမယ့် အခုလိုကစား နေရတာနဲ့မတူပါဘူး။ ယုံကြည်မှုတွေ ပိုရလာခဲ့တယ်''ဟု ပြောကြားခဲ့သည်။
အခြားသတင်းတစ်ရပ်အနေဖြင့် လီဗာပူးနည်းပြဂျာဂင်ကလော့ပ်က နည်းပြဘဝအစတွင် မိမိကိုယ်မိမိသေကြောင်း ကြံရန်ပင်စိတ်ကူးခဲ့ဖူးကြောင်းဝန်ခံခဲ့သည်။ ကလော့ပ်သည် နည်းပြဘဝအစ ၂ဝဝ၁ ခုနှစ်က မိန့်ဇ်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ထိုစဉ်ကမိန့်ဇ်အသင်းမှာ တတိယတန်းသို့ တန်းဆင်းသွားခဲ့ရပါ က မိမိလည်း အခုထိမရှိနိုင်ဟုဆိုသည်။ ကလော့ပ်က ''အဲဒီတုန်းက ကျွန်တော်မှာ အတွေ့အကြုံမရှိဘူးဆိုတာကို နားလည်ပါတယ်။ အခွင့်အရေးတစ်ခုအတွက် အရမ်းစိတ်လှုပ်ရှားခဲ့ရပြီး မိန့်ဇ်အသင်း ကသာထုတ်ပယ်ခံရရင် မိမိကိုယ်မိမိ သေကြောင်းကြံမိမှာပဲ''ဟု ဝန်ခံပြော ကြားသွားခဲ့သည်။ 
 
KKW
#democracytoday