contents

သတင်းများ

ဂျာဂျင်ကလော့ရဲ့ လီဗာပူးက ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာကို ပယ်ချခဲ့ဖူးတယ်လို့ ပြောဆိုလိုက်တဲ့ ဆာနေး

နေ့ရက်:
Jan 14, 2018


အမျိုးအစား :
အားကစား
Ballonestar
လီဗာပူးအသင်းနှင့် စာချုပ်ချုပ်ဖို့အခွင့်အရေးကိုပယ်ချခဲ့ဖူးတယ်လို့ ဆာနေးကပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းကဆာနေးကပေါင် ၃၇ သန်းဖြင့် တောင့်တင်းနေသထက်တောင့်တင့်နေတဲ့ မန်းစီးတီအသင်းကိုရှော့ကေးအသင်းကနေပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဆာနေးကအန်ဖီးလ်ကိုကပြောင်းရွှေ့ဖို့ အကြံရှိခဲ့ဖူးတယ်လို့ထွက်ပေါ်ခဲ့ဖူးပါတယ်၊ ဒေါ့မွန်အသင်းနည်းပြအဖြစ် လုပ်ဆောင်နေတုန်းကလည်း ငြင်းပယ်ခဲ့ဖူးတဲ့အတွက် ကလော့ပ်အတွက်တော့ ဒုတိယအကြိမ်ဖြစ်ပါတယ်။

'' ကျွန်တော်မန်းစီတီးကိုမရောက်ခင်တုန်းက ကျွန်တော်သူတို့နှင့်စကားပြောခဲ့ပါတယ်၊ ဂျာဂျင်က ကျွန်တော့်ကိုခေါ်ခဲ့ပါတယ်၊ သူကဒေါ့မွန်မှာကောင်းကောင်းအလုပ်လုပ်ခဲ့ပါတယ်၊ သူအဲ့ဒီမှာရှိတုန်းက ကျွန်တော်တွေ့ခဲ့ရပါတယ် ''

'' သူကကောင်းမွန်တဲ့သူပါ၊ ပြီးတော့ ရိုးသားပါတယ်၊ ပြီတော့ လီဗာပူးအသင်းနှင့် အလုပ်ကောင်းကောင်းလုပ်နေပါတယ် ''

'' သူဒေါ့မွန်မှာတုန်းက ကျွန်တော်ကအကယ်ဒမီမှာပဲရှိသေးတာပါ၊ ရှော့ကေးကတော့ သွားနိုင်ဖို့ အချိန်ရှိခဲ့ပါ တယ်၊ ဒါပေမဲ့ ပြိုင်ဘက်အသင်းကိုပြောင်းရွှေ့ဖို့ အတွေးမရှိပါဘူး '' လို့ ဆာနေးကပြောပါတယ်။

သူမန်းစီးတီးကပြောင်းရွှေ့လာတာ ၁၈ လရှိပြီးစက်တင်ဘာလမှာလီဗာပူးအသင်းကို ၅-၀ ဖြင့်အနိုင်ရရှိတဲ့ ပွဲမှာ ၂ ဂိုးသွင်းယူမှုအပါအဝင် အသင်းအတွက် ၁၈ ဂိုးသွင်းယူထားပါတယ်။

တနင်္ဂနွေနေ့မှာကစားမဲ့ မာဆေးဆိုက်ပွဲမှာသူကဘာတွေလွဲနေလဲဆိုတာကိုကလော့ပ်ကို ပြသဖို့ အခွင့်အရေးရရှိနေပါတယ်။
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။