Lotayamm

search
မာတိကာ

contents

သတင်းများ

အိုဇေးလ်ဆက်ရှိနိုင်သော်လည်း ဆန်းချက်ဇ်ကိုဆုံးရှုံးရဖွယ်ရှိကြောင်း နည်းပြဝင်းဂါးဝန်ခံ

နေ့ရက်:
Jan 14, 2018


အမျိုးအစား :
အားကစား
yangonmedia
အိုဇေးလ်နှင့် ဆန်းချက်ဇ်တို့ သည် အာဆင်နယ်နှင့်လက်ကျန် စာချုပ် ခြောက်လသာကျန်ရှိတော့ သည့်အတွက် ဇန်နဝါရီတွင် ထွက်ခွာရန်နီးစပ်နေပြီး ဆန်းချက်ဇ် ကို မန်စီးတီး၊ မန်ယူအသင်းများ က အပြိုင်စိတ်ဝင်စားနေကြသည်။
ဝင်းဂါးက ''အသင်းမှာ အို ဇေးလ်ဆက်ရှိနိုင်မယ့် အခွင့်အ လမ်းတွေရှိနေဆဲဖြစ်ပါတယ်။ အိုဇေးလ်ရော၊ ဆန်းချက်ဇ်ပါ ဆုဖလားတွေလိုချင်သလို ငွေကြေး လည်းလိုချင်နေကြတာဖြစ်လို့ သူ တို့ကိုနှစ်ခုစလုံးပေးနိုင်တာက အသင်းကြီးတွေပဲဖြစ်ပါလိမ့်မယ်။ ဆန်းချက်ဇ်က စာချုပ်သစ်လက် မှတ်မထိုးလောက်တော့ပေမယ့် ကျွန်တော်တို့ဘက်က ဝီလ်ရှိုင်းယား နဲ့ အိုဇေးလ်တို့ကိုဆက်ထိန်းချင် ပါတယ်''ဟုပြောခဲ့သည်။ 
KKW, DemocracyToday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။