Lotayamm

search
မာတိကာ

contents

သတင်းများ

အန်ဖီးလ်မှမှတ်တမ်းဆိုးကို အဂူရိုချေဖျက်နိုင်မည်ဟု နည်းပြဂွါဒီယိုလာ ယုံကြည် ၊ မိမိကိုခေါ်ယူရန် နည်းပြဟောင်းကလော့ပ် ကြိုးစားခဲ့ဟု ဂန်ဒိုဂန်ဖွင့်ဟ

နေ့ရက်:
Jan 14, 2018


အမျိုးအစား :
အားကစား
yangonmedia
မန်စီးတီးအနေဖြင့် အန်ဖီးလ်တွင် လီဗာပူးကို နောက်ဆုံးအကြိမ်အနိုင်ရခဲ့သည်မှာ အနယ်လ်ကာ၏ ဂိုးနှစ်ဂိုးဖြင့် ၂ဝဝ၃ ခုနှစ်ကအနိုင်ရခဲ့ခြင်းဖြစ်ပြီး ထိုစဉ် ကတည်းက လီဗာပူးကွင်းတွင် ၄ ပွဲသရေ၊ ၁ဝ ပွဲရှုံးခဲ့ ကာ နောက်ဆုံးလေးကြိမ်ဆက် ရှုံးပွဲတွေ့ခဲ့သည်။
မန်စီးတီးတိုက်စစ်မှူးအဂူရိုမှာ နောက်ဆုံးကစားခဲ့ သော ဘရစ္စတိုးစီးတီးနှင့်ပွဲတွင် အနိုင်ဂိုးသွင်းယူနိုင်ခဲ့ ပြီးနောက် ယခုနှစ်ရာသီတွင် မန်စီးတီးအတွက် ၁၉ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး လီဗာပူးနှင့်ကစားခဲ့သော နောက်ဆုံးပရီးမီးယားလိဂ် ၁၁ ပွဲတွင် ခြောက်ဂိုးသွင်း ယူနိုင်ခဲ့ရာ၌ ဂိုးအားလုံးကို အိမ်ကွင်းပွဲများတွင်သွင်း ယူနိုင်ခဲ့ခြင်းဖြစ်သည်။
မန်စီးတီးနည်းပြဂွါဒီယိုလာ က ''ဒီလိုအရာတွေကို ကျွန်တော်မယုံတတ်ပေမယ့် လွန်ခဲ့တဲ့ ၄၅ နှစ်အတွင်း မှာ မန်စီးတီးအနေနဲ့ လီဗာပူးကွင်းမှာနှစ်ကြိမ်ပဲအနိုင် ရခဲ့တယ်လို့ဆိုပါတယ်။ နောက်ဆုံးအနိုင်ရခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်ကလို့ဆိုကြတဲ့အတွက် အန်ဖီးလ်မှာ ကစားရခြင်းက ဘယ်လောက်ရှုပ်ထွေးသလဲဆိုတာသိ နိုင်ပါတယ်။ ဒါပေမဲ့ စံချိန်တိုင်းဟာ ကျိုးပျက်နိုင်တာ ပဲဖြစ်လို့ အန်ဖီးလ်မှာမှတ်တမ်းဆိုးတွေရှိခဲ့တာကို အဂူရိုက ချေဖျက်နိုင်မယ်လို့ယုံကြည်ပါတယ်''ဟု ပြော ကြားခဲ့သည်။
အခြားတစ်ဖက်တွင် မန်စီးတီးကွင်းလယ်လူ ဂန်ဒိုဂန်က မိမိကိုခေါ်ယူရန် ဒေါ့မန်တွင်လက်တွဲခဲ့ဖူး သော နည်းပြဟောင်းကလော့ပ်က ကြိုးစားခဲ့ဖူးသော် လည်း ဂွါဒီယိုလာနှင့် လက်တွဲခွင့်ရမည့်အခွင့်အရေး ကိုရယူခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂန်ဒိုက ''ကစားသမားတစ်ဦးအနေနဲ့ ကျွန် တော့်ကို ကလော့ပ်က အမြဲနှစ်သက်ခဲ့တာကြောင့် ကျွန်တော့်ကိုခေါ်ဖို့ သူမကြိုးစားခဲ့ဘူးလို့ပြောရင် ကျွန်တော်လိမ်ရာကျပါလိမ့်မယ်။ ဒါပေမဲ့ မန်စီးတီး မှာ ဂွါဒီယိုလာနဲ့အတူ လက်တွဲပြီး အလုပ်လုပ် ခွင့်ရမယ်ဆိုတဲ့အ ခွင့်အရေးကိုပဲရွေး ချယ်ဖြစ်ခဲ့ပါ တယ်။ ဒဏ် ရာကြောင့် စိတ်ဓာတ်ကျ နေတဲ့အခြေအ နေမျိုးမှာ တောင် ကျွန်တော့်ကို ခေါ် ယူဖို့အလိုရှိခဲ့ တာကြောင့်မန် စီးတီးအသင်း ကိုရွေးခဲ့တဲ့ ဆုံး ဖြတ်ချက်ကဘယ် တော့မှမှားမှာ မဟုတ်ဘူး လို့ ကျွန်တော်သိခဲ့ပါတယ်''ဟုပြော ကြားခဲ့သည်။
KKW
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။