contents

သတင်းများ

ဘက်ဆက်ဆီဟာ အသင်းသို့ ၂၀၂၀ ခုနှစ်အထိ အငှားပြောင်းရွှေ့သွားတဲ့ ဘာစီလိုနာကွင်းလယ်ကစားသမား အန်ဒရာတူရန်

နေ့ရက်:
Jan 14, 2018


အမျိုးအစား :
အားကစား
Ballonestar
အန်ဒရာတူရန်က အစ်စတန်ဘူးလ်ဘက်ဆက်ဆီဟာ သို့ ၂၀၁၉-၂၀ ရာသီအ ကုန်ထိ အငှားပြောင်းရွှေ့သွားပြီလို့ အတည်ပြုပြောကြားလိုက်ပါတယ်။

ဒီတစ်ပတ်မှတော့ တူရကီစူပါလိဂ်ကိုဦးဆောင်နေတဲ့ အသင်းကအန်းဒရာကိုခေါ်ယူဖို့ အပြီးသတ်တော့မှာပါလို့ ဖော်ပြထားပါတယ်။

ဘာစီလိုနာအသင်းကအန်ဒရာရဲ့ ကျန်ရှိနေတဲ့ စာချုပ်သက်တမ်းအကုန်လုံးကိုအငှားပြောင်းရွှေ့ခဲ့တာပါလို့ ကြေညာထားပါတယ်။

ဘာစီလိုနာအသင်းကဒီအချိန်မှာအန်ဒရာကိုရောင်းချဖို့ကိုတော့ ထိန်းသိမ်းထားတယ်လို့ ပြောကြားထားပြီး၊ တူရကီကလပ်အသင်းကတော့ ကစားသမားကို ၀ယ်ယူဖို့ ရှိနေသော်လည်းပြောင်းရွှေ့ကြေးကိုတော့ မသတ်မှတ် ရသေးပါဘူး။

အန်ဒရာကဘာစီလိုနာကိုလာလီဂါပြိုင်ဘက် အေတီကိုမှာ ၂၀၁၅ ဇူလိုင်မှာပြောင်းရွှေ့လာတာဖြစ်ပြီးအပြောင်းအရွှေ့ထားမြစ်ချက်တွေကြောင့် လာမယ့် ဇန်နဝါရီလအထိသူက ပွဲထွက်ခွင့်ရရှိမှာမဟုတ်ပါဘူး။

ဘာစီလိုနာမှာရှိနေတုန်းကအန်ဒရာကလာလီဂါဖလား၊ ကိုပါဒဲရေးဖလားနှင့် စူပါကိုပါအက်စပန်နာတို့ကိုရရှိခဲ့ပါ တယ်၊ ဒါပေမဲ့ အေတီကိုမှာတော့ အခုလိုမျိုးဆုတွေကိုတော့ မရရှိခဲပါဘူး။

ဘာစီလိုနာအသင်းကကော်တင်ဟိုကိုစံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလိုက်တာကြောင့် သူ့ရဲ့ပွဲထွက်ခွင့် အခွင့်အရေးတွေကဆုံးရှုံးသွားတော့မှာဖြစ်တဲ့အတွက် တူရကီကိုပြန်လည်ပြောင်းခဲ့တာဖြစ်ပါတယ်၊ သူ့ရဲ့နိုင်ငံမှာဂလာတာစာရေးအသင်းနှင့်တုန်းက ပြည်တွင်းဖလားကိုရရှိခဲ့ပါတယ်။
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။