contents

သတင်းများ

ဆန်းချက်ဇ်ကိုမန်းစီးတီးအသင်းနှင့်အပြိုင်ခေါ်ယူမယ့် မန်ယူ

နေ့ရက်:
Jan 12, 2018


အမျိုးအစား :
အားကစား
Ballonestar
အသက် ၂၉ နှစ်အရွယ် ဆန်းချက်ဇ်ကတော့ မန်းစီးတီးကို ယခုလတွင် သို့မဟုတ် နွေရာသီတွင် အလွတ်ပြောင်းရွှေ့ ကြေးဖြင့်ရောက်ရှိဖို့ သတင်းထွက်နေပါတယ်။

သို့သော်လည်း မော်ရင်ဟိုက ချီလီနိုင်ငံသားကို ရရှိဖို့အတွက် ပြိုင်ဆိုင်ဖို့ ၀င်ရောက်လာတယ်လို့ Sky Sports ကဖော်ပြထားပါတယ်။

ပေါင် ၂၅ သန်းအပြင် အသင်းမှထွက်ခွာဖို့ရှိနေတဲ့ မီခီတာရန်အား အပြောင်းအရွှေ့ရဲ့တစ်စိတ်တစ်ဒေသအဖြစ် ကမ်းလှမ်းသွားဖွယ်ရှိနေပါတယ်။

မန်ယူအသင်းက တိုက်စစ်မှာ လူကာကူ မာစီရယ် ရက်ဖို့ဒ်နှင့် အီဗရာဟီမိုဗစ်တို့ ကစာနိုင်တဲ့အတွက် တိုက်စစ်ပိုင်းမှာတော့ မလိုအပ်ပါဘူး။

မန်းစီးတီးအသင်းကတော့ ဂျီးဆပ်စ် ဒဏ်ရာရရှိနေတဲ့အတွက် တိုက်စစ်မှူးတစ်ယောက် အမြန်အလိုရှိနေတာ ဖြစ်ပါတယ်။

အသင်းနှစ်သင်းစလုံးက ၂၀၁၁ ခုနှစ် အူဒီးနီ ကနေ ဘာစီလိုနာကို မပြောင်းခင်တုန်းက ဆန်းချက်ဇ်ကို ခေါ်ယူဖို့ကြိုး စားခဲ့ကြပါတယ်။

၂၀၁၄ ခုနှစ် အာဆင်နယ်ကို မပြောင်းရွှေ့ခင်ကလည်း ကြိုးစားခဲ့ကြပါတယ်။

ဆန်းချက်ဇ်ကတော့ သူရဲ့နည်းပြဟောင်း ဖြစ်တဲ့ ဂွာဒီယိုလာနှင့် မန်းစီးတီးမှာ ပြန်လည်ပေါင်းစည်းလိုနေပါတယ်။

မန်းစီးတီးကတော့ အာဆင်နယ်အသင်းက တောင်းဆိုထားတဲ့ ပေါင် ၃၅ သန်းကိုပေးဖို့ အင်တင်တင်ဖြစ်နေပြီး ညှိနှိုင်းဖို့ မျှော်လင့်နေပါတယ်။

မန်ယူကပါ အပြောင်းအရွှေ့ထဲကို ပါဝင်လာတဲ့အတွက် အာဆင်နယ်အသင်းရဲ့ တောင်းဆိုမှုကို မန်းစီးတီးက လက်ခံစေဖို့ တွန်းအားပေးသလိုဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ညက ကရောင်းဖလား ဆီမီးဖိုင်နယ် ချဲလ်ဆီးအသင်းနှင့် သရေကျတဲ့ပွဲမှာ ဆန်းချက်ဇ်က အရန်ခုံမှာ ထိုင်နေရတာဖြစ်ပါတယ်။

သို့သော်လည်း အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးကတော့ ဆန်းချက်ဇ်က အာဆင်နယ်အသင်းကို ကတိပေးပြီး ပြီလို့ပြောဆိုထားပါတယ်။

အသင်းရဲ့ လူရွေးချယ်မှုက အပြောင်းအရွှေ့ဈေးကွက်နှင့် မသက်ဆိုင်ပါဘူး။

လူတွေက “ဆန်းချက်ဇ်ကိုမသိကြပါဘူး။ သူက ဘောလုံးကစားခြင်းကို ၁၀၀ ရာနှုန်း အာရုံစိုက်ထားတဲ့သူပဲဖြစ်ပါတယ်။ သူက အာဆင်နယ်အသင်းအတွက်
အခုလက်မှတ်ထိုးမှာလား ဇွန်လမှ လက်မှတ်ထိုးမှာလား။ နောက်လာမယ့် ပွဲမှာ ဘာတွေကအရေးကြီးတာလဲ အဲ့ဒါတွေကို သူ့ပေါ်မှာပဲမူတည်နေပါတယ်။ သူပေးထားတဲ့ ကတိက သူ့စာချုပ်ရဲ့ အချိန်ကာလပေါ်မှာ မမူတည်ပါဘူး။ သူ့ကို အသင်းမှာ အချိန်ကြာကြီး ဆက်ရှိနေစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အသင်းအတွက် အရမ်းအရေးကြီးတဲ့
ကစားသမားဖြစ်လို့ပါ” လို့ ၀င်းဂါးက ပြောပါတယ်။

“သူ မန်းစီးတီးကိုရောက်လာတဲ့အခါမှာ အသင်းကို တစ်ခုတစ်ခု အားဖြည့်စေမှာပါ။ သူက အရမ်းကောင်းတဲ့ ကစားသမားပါ '' လို့ ဒီဘရိုင်းကပြောပါတယ်။ ဆန်းချက်ဇ်ကို
၂၀၁၄ မှာ အာဆင်နယ်ကို ပေါင် ၃၅ သန်းဖြင့်ရောက်ရှိလာတာဖြစ်ပါတယ်။ သူက ရာသီဝက်နှင့် သုံးပွဲမှာ ဂိုး ၃၀ သွင်းယူထားပြီး ၁၇ ကြိမ် ကူညီမှုပြုလုပ်ထားပါတယ်”
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။