Lotayamm

search
မာတိကာ

contents

သတင်းများ

ရယ်ရီမီနာ ကိုပေါင် ၁၁.၈သန်းဖြင့် ခေါ်ယူလိုက်ပြီလို့ကြေညာလိုက်တဲ့ ဘာစီလိုနာအသင်း

နေ့ရက်:
Jan 12, 2018


အမျိုးအစား :
အားကစား
Ballonestar
ဘာစီလိုနာအသင်းက ဘရာဇီးလ် ကလပ်အသင်းဖြစ်တဲ့ ပယ်မီးရက်စ်ထံမှာ နောက်ခံကစားသမား ရယ်ရီမိနာ ကို ပေါင် ၁၁.၈ ဖြင့် ပေးချေကာ ၂၀၁၈မှာ သူတို့ရဲ့ ဒုတိယမြောက်ခေါ်ယူမှုကို ကြေညာလိုက်ပါတယ်။

မိနာက ဘာစီလိုနာအသင်းနှင့် ၅နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

မိနာအတွက် အပြောင်းအရွှေ့ ကမ္ဘာ့ဖလားပြီးနောက်မှာဖြစ်သော်လည်း ဘာစီလိုနာအသင်းက နောက်ခံကစား သမားအတွက် အပြောင်းအရွှေ့ကို စောစောပြီးစီးလိုနေပါတယ်။

မိနာက သူ့ရဲ့ဘောလုံးအရည်အချင်းတွေ ဆက်လက်တိုးတက်ဖို့အတွက် ဘာစီလိုနာသို့အခုရောက်ရှိလာပါပြီ။

သံသယမရှိစွာဖြင့် ကိုလံဘီယာနိုင်ငံသားက အလားလာရှိတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ် လို့ ဘာစီ က ပြောကြားထားပါတယ်။

တရုတ်စူပါလိဂ်ကလပ်ဖြစ်တဲ့ ဟီဘိုင်းချိုင်းနားဖော်ကျူးက အတွေ့ကြုံရှိတဲ့အာဂျင်တီးနားသားကို ခေါ်ယူလိုနေပြီး ဇန်နဝါရီမှာ ဘာစီကနေထွက်ခွာဖို့ရှိနေတဲ့ မာရှေးယာနိုက အသင်းရဲ့ နောက်တန်းက ကိုလံဘီယားရောက်ရှိလာ ခြင်းက တောင့်တင်းသွားစေမှာပါလို့ပြောပါတယ်။

မာရှေယာနိုက ဒီရာသီမှာ လာလီဂါပွဲ ၆ ပွဲသာကစားထားပြီး၊ ပီကေးရဲ့ တွဲဖက်ကစားသမားဖြစ်တဲ့ အမ်တီတီက ဒဏ်ရာရရှိနေတဲ့အချိန်မှာ ဗာမဲလန်းက ပုံမှန်ပွဲထွက် ကစားခွင့်ရရှိနေတာဖြစ်ပါတယ်။

အမ်တီတီက လည်း ဘာစီမှထွက်ခွာဖို့ရှိနေတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး မန်းစီးတီးနှင့် မန်ယူအသင်းတို့က ဒီပြင်သစ်နောက်တန်းကစားသမားကို ယူရို သန်း ၆၀ ဖြင့် ဆက်သွယ်နေတာဖြစ်ပါတယ်။

ကာလရှည်ခေါ်ယူဖို့စောင့်နေရတဲ့ ဘရာဇီးလ်နိုင်ငံသား ကောင်တင်ဟိုကို ဘာစီလိုနာက ဒီလမှာ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

သြဂုတ်လမှာ ကစာသမားအတွက် ခေါ်ယူဖို့ ဆုံးရှုံးခဲ့ပြီးနောက်မှာတော့ ဘာစီလိုနာအသင်းက ဘရာဇီးလ် နိုင်ငံသားကို ကလပ်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၂၀ ဖြင့် ၅ နှစ်ခွဲစာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့ပါတယ်။