Lotayamm

search
မာတိကာ

contents

သတင်းများ

ကတိအတိုင်းသတင်းစာရှင်းလင်းပွဲမှာ ဇော်ရိုးမျက်နှာဖုံးဝတ်ဆင်ခဲ့တဲ့ ရှက်တာဒိုးနက်စ်မန်နေဂျာ ဖွန်ဆီကာ

နေ့ရက်:
Dec 7, 2017


အမျိုးအစား :
အားကစား
Ballonestar
ယူကရိန်းကလပ်ရှက်တာဒိုးနက်စ်မန်နေဂျာပေါ်လိုဖွန်ဆီကာဒွန်စ်ဟာ ယနေမနက်က မန်စီးတီးအသင်းကို၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရကာအုပ်စုအဆင့်ကနေတက်ရောက်နိုင်ခဲ့တာကြောင့် ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ကတိအတိုင်း မျက်နှာဖုံးဝတ်ဆင်ကာ တက်ရောက်ခဲ့ပါတယ်။

ဖွန်ဆီကာကသူရဲ့ အသင်းဟာချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကိုတက်ရောက်နိုင်ခဲ့ပါက သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်များအတွက် ဇာတ်ဝတ်ဇာတ်စားပုံစံ ၀တ်ဆင်လာမယ်လို့ ပြောဆိုထားတာပါ။

ထိုနောက်မှာတော့ရှက်တာဒိုးနက်ဟာ မန်စီးတီးအသင်းကိုအုပ်စုနောက်ဆုံးပွဲစဉ်မှာ အနိုင်ယူကာ အုပ်စုဒုတိယနေရာဖြင့် တက်ရောက်နိုင်ခဲ့တာကြောင့် ပေါ်တူဂီလူမျိုးဖွန်ဆီကာဟာ သူရဲ့ကတိကို လိုက်နာခဲ့ပါတယ်။

ယူကရိန်းကလပ်ဟာနာပိုလီနဲ့ ဖီယင်နော့အသင်းတို့ ကိုဖြုတ်ချကာ စီးတီးရဲ့ နောက်ဒုတိယနေရာဖြင့် အုပ်စုအဆင့်ကနေ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်ဝမ်းသာပီတိဖြစ်ရပါတယ်။ ရှက်တာရဲ့ ပရိသတ်များပါမက ယူကရိန်းတစ်နိုင်ငံလုံး ကျွန်တော်တို့  အသင်း အတွက် ဂုဏ်ယူနေမယ်လို့ ထင်ပါတယ်” ဟုပြောကြားသွားခဲ့ပါတယ်။

ယူကရိန်းချန်ပီယံတွေဟာ ၁၆ သင်းအဆင့်မှာ မန်ချက်စတာယူနိုက်တက်၊ ပီအက်စ်ဂျီ၊ ရိုးမား၊ ဘာစီလိုနာ၊ လီဗာပူးလ်၊ ဘီဆစ်တက်စ်အသင်းတွေနဲ့ တွေဆုံရင်ဆိုင်ရနိုင်ပါတယ်။