Lotayamm

search
မာတိကာ

contents

သတင်းများ

ပြိုင်ပွဲစုံနောက်ဆုံး(၄)ပွဲဆက်ရှုံးနိမ့်ခဲ့ပြီးနောက် ခရိုတိုနီနည်းပြ ဒေးဗစ် နီကိုလာ ရာထူးမှ နုတ်ထွက်

နေ့ရက်:
Dec 7, 2017


အမျိုးအစား :
အားကစား
Ballonestar
ခရိုတိုနီအသင်းအနေနဲ့ တနင်္လာနေ့က အူဒီးနီးစ်ကို အိမ်ကွင်းမှာ ရှုံးခဲ့တဲ့ပွဲစဉ်ဟာ နည်းပြနီကိုလာရဲ့ နောက်ဆုံးပွဲစဉ်လဲ ဖြစ်ခဲ့ပါတယ်။

ခရိုတိုနီနည်းပြ နီကိုလာဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ရာထူးကနေ နုတ်ထွက်ခဲ့တယ်လို့ အသင်းက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

နည်းပြ နီကိုလာဟာ ပြီးခဲ့တဲ့ ရာသီက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် စီးရီးအေ တန်းတက်နိုင်ခဲ့တဲ့ ခရိုတိုနီအသင်းကို တန်းမဆင်းရအောင် ဦးဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ယခုနှစ်ရာသီ စီးရီးအေပွဲစဉ် ၁၅ ကစားအပြီးမှာ ခရိုတိုနီအသင်းဟာ ရမှတ် ၁၂ မှတ်ဖြင့် နံပါတ် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။