Lotayamm

search
မာတိကာ

contents

သတင်းများ

မန်ချက်စတာစီးတီးအသင်း ချန်ပီယံဖြစ်ပြီလို့ပြောဖို့ အရမ်းစောပါသေးတယ် - ဂျုအန်မာတာ

နေ့ရက်:
Dec 7, 2017


အမျိုးအစား :
အားကစား
Ballonestar
မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဂျုအန်မာတာက မြို့ ခံပြိုင်ဘက် မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံနဲ့ ဇယားထိပ်မှာ ဦးဆောင်နေပေမယ့် ပြိုင်ပွဲပြီးဆုံးဖို့ အများကြီး လိုသေးတာကြောင့် ဘာမှပြောလို့ မရသေးဘူးလို့ ပြောပြသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ ၁၅ ပွဲကစားပြီးချိန်မှာ ၁၄ပွဲနိုင်ပြီးတစ်ပွဲသာ သရေကျထားတဲ့ မန်ချက်စတာစီးတီးကို ယူနိုက်တက်ဟာ လာမည့်တနင်္ဂနွေနေ့ အိုးထရက်ဖို့မှာ ဧည့်ခံကစားရမှာဖြစ်ပြီး မာတာက ဒီပွဲမှာ စီးတီးကို အနိုင်ယူကာ အမှတ်ကွာဟချက်ကိုလျော့ချဖို့ မျော်လင့်နေတာလည်းဖြစ်ပါတယ်”

မာတာက က “သူတို့အသင်း အရမ်းကောင်းနေပြီး နိုင်ပွဲတွေအများကြီးရထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လည်း အဲဒီလိုလုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါကိုကျွန်တော်တို့ တနင်္ဂနွေနေ့မှာ သက်သေပြမှာပါ။ ကျွန်တော်တို့နှစ်သင်းက ဇယားထိပ်မှာ အသီးသီးရပ်တည်နေလို့ ဒီပွဲက ပွဲကြီးပွဲကောင်း တစ်ပွဲဖြစ်လာမှာကြိမ်းသေနေပါတယ် လို့မာတာက ပြောပြသွားခဲ့ ပါတယ်။

စီးတီးဟာ သူတို့ အများဆုံးရနိုင်မယ့်အမှတ် ဖြစ်တဲ့ ၄၅ မှတ်မှာ ၄၃ မှတ်ထိ အရယူထားနိုင်ပေမယ့် မာတာကတော့ အမှတ်ဆုံးရှုံးတဲ့အချိန်တွေ ရောက်ရှိလာဦးမယ်လို့ယုံကြည်နေတာလည်း ဖြစ်ပါတယ်။

“ဘယ်အသင်းအတွက်မဆို ပွဲတိုင်းနိုင်ဖို့ကတော့ အရမ်းခက်ခဲပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အဲ့ဒီလိုအချိန်ကိုရောက်ဖို့ စောင့်စားနေပါတယ် ” လို့ စပိန်လက်ရွှေးစင် မာတာက ပြောကြားခဲ့တာဖြစ်ပါတယ်။

မာတာက “ကျွန်တော်လွန်ခဲ့တဲ့ ရာသီအနည်းငယ်တုန်းက ဖြစ်ပျက်ခဲ့တာတွေကို သတိရမိပါသေးတယ်။ အဲဒီအချိန်က ယူနိုက်တက်ဟာ စီတီးနဲ့ ထိပ်တိုက်တွေ့ချိန်မှာ ၈မှတ်အသာရနေပမယ့် ရာသီကုန်ချိန်မှာတော့ စီးတီးက ချန်ပီယံဖြစ်သွားတာပါ။ ဒါကြောင့် ဒီလို ခက်ခဲလှတဲ့လိဂ်မှာ ဒီအချိန်က စီးတီးချန်ပီယံဖြစ်ပြီလို့ပြောဖို့ အရမ်းစောပါသေးတယ်” လို့ မာတာက ပြောပြသွားခဲ့တာဖြစ်ပါတယ်။

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။