Lotayamm

search
မာတိကာ

contents

သတင်းများ

သမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံးဖြစ်ခဲ့တဲ့၂၀၁၇-၁၈ချန်ပီယံလိဂ်အုပ်စုအဆင့်

နေ့ရက်:
Dec 7, 2017


အမျိုးအစား :
အားကစား
Ballonestar
၂၀၁၇-၁၈ ချန်ပီယံလိဂ်အုပ်စုအဆင့်ဟာပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးအများဆုံးဖြစ်လာခဲ့တဲ့ နှစ်တစ်နှစ် ဖြစ်လာခဲ့ပါတယ်။

အသင်း ၃၂ သင်း ဂိုးသွင်းယူနိုင်ခဲ့တာဟာ စုစုပေါင်း ၃၀၆ ဂိုးအထိရှိခဲ့ပြီး ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အများဆုံးဖြစ်ခဲ့ပါတယ်။

ပွဲစဉ်ပေါင်း ၉၆ ပွဲယှဉ်ပြိုင်ကစားတဲ့ အုပ်စုအဆင့်မှာပြင်သစ်ကလပ်အသင်း ပီအက်စ်ဂျီအသင်းဟာ ၆ ပွဲမှာ၂၅ ဂိုးသွင်းယူကာ သမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံး အသင်းအဖြစ်စံချိန်တင်ခဲ့ကာ အင်္ဂလန်ကလပ်လီဗာပူးလ် အသင်းကအုပ်စုနောက်ဆုံးပွဲစဉ်မှာ စပါးတပ်မော်စကိုအသင်းကို ရ ဂိုးပြတ်အနိုင်ယူခဲ့ပြီးနောက်၂၃ ဂိုးဖြင့် ဒုတိယနေရာမှာ ရပ်တည်လျက်ရှိပါတယ်။

ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တိုင်းမှာ တစ်ပွဲပျမ်းပျှ ၃ ဂိုးရှိပြီး ကလပ်အသင်းတစ်သင်းဟာ အနည်းဆုံးပျမ်းပျှ ၂ ဂိုးသွင်းယူထားပါတယ်။