Lotayamm

search
မာတိကာ

contents

သတင်းများ

နိုင်ငံတကာ အဆင့်မီ စံနန်းထက်ဖလား စစ်တုရင်ပြိုင်ပွဲ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်

နေ့ရက်:
Dec 7, 2017


အမျိုးအစား :
အားကစား
yangonmedia
ယင်းပြိုင်ပွဲတွင် ပြင်ဦးလွင်မြို့၌ ဝါသနာရှင်ကစားသမားများအပြင် တခြားပြည်နယ်များမှလည်း မည်သူမဆိုဝင်ပြိုင်နိုင်မည်ဖြစ်ရာ နယ် ဝေးမှပြိုင်ပွဲဝင်များအတွက် တည်းခိုရန်စီစဉ်ပေးသွားမည် ဖြစ်သော်လည်း အိပ်ရာလိပ်များအား ကိုယ်တိုင်ယူဆောင်လာရမည်ဖြစ်သည်။ အဆိုပါ ပြင်ဦးလွင်စံနန်းထက် အိုးပင်းစစ်တုရင်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသည့် ဝါသနာရှင်ကစားသမားများမှာ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်နှင့် သက်ဆိုင်ရာပြိုင်ပွဲရာ ကျင်းပရေးသို့ ဇန်နဝါရီ၂၃ရက်နောက်ဆုံးထား စာရင်းပေးသွင်းရမည်ဖြစ်သည်။
စံနန်းထက်အိုးပင်းစစ်တုရင် ပြိုင်ပွဲနှင့်ပတ်သက်၍ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက''ဒီပြိုင်ပွဲက ပြင်ဦးလွင်မြို့မှာကျင်းပပေမယ့်လည်း မည်သူမဆိုဝင်ပြိုင်ခွင့်ရှိပါတယ်။ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်ကို စာရင်းသွင်းထားတဲ့ အဆင့်မြင့်ပြိုင်ပွဲတစ်ပွဲဖြစ်တယ်။ ဒီပြိုင်ပွဲကနေ လက်ရွေးစင်ကစားသမား တွေထွက်ပေါ်လာနိုင်ပါတယ်''ဟုဆိုသည်။ ၎င်းစံနန်းထက်အိုးပင်းစစ်တု ရင်ပြိုင်ပွဲကို ၂ဝ၁၅ခုနှစ် ဇန်နဝါရီလတွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ရာ ဆုကြေးများကို ထိုက်တန်စွာချီးမြှင့် ပေးခဲ့သည်။ ယခုစတုတ္ထကြိမ်တွင်လည်း ထိုက်တန်သောဆုကြေးများ ပေးအပ်သွားမည်ဖြစ်ပြီး ဒေသတွင်း ကစားသမားဂုဏ်ပြုဆု၊ အသက် (၅ဝ) နှစ်အထက်ကစားသမားဂုဏ်ပြုဆုများချီးမြှင့်မည်ဖြစ်သည်။
 
LLH
#democracytoday