Lotayamm

search
မာတိကာ

contents

သတင်းများ

ရက်ဖို့(ဒ်) မှာ မက်ပီတို့၊ ဒမ်ဘီလီ တို့လို ခြေစွမ်းမျိုး ရှိတယ်လို့ ဖာဒီနန်ဆို

နေ့ရက်:
Oct 11, 2017


အမျိုးအစား :
အားကစား
Ballonestar
မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမားကြီး ဖာဒီနန်ကတော့ ရက်ဖို့(ဒ်) ဟာ အကောင်းဆုံး ဘောလုံး သမားတစ်ယောက်ဖြစ်လာဖို့ နေရာမှန်မှာ ရောက်နေပြီလို့ ပြောထားပါတယ်။

ဖာဒီနန်က ရက်ဖို့ဒ် ဟာ အနာဂတ်မှာ တောက်ပမဲ့ ကြယ်တစ်ပွင့် ဖြစ်ကြောင်း ယုံကြည်နေပြီး၊ သူ့အနေ နဲ့ အခုချိန်မှာ ခေတ်ပြိုင်ကစားသမား တွေကို အမှီလိုက် ထားဖို့ လိုကြောင်းဆိုထားပါတယ်။

ယခုရာသီအတွက် ၁၉ နှစ်အရွယ်ရှိ ရက်ဖို့ဒ်ဟာ ပြိုင်ပွဲစုံမှာ ၅ ဂိုးသွင်းယူထားပြီး၊ ပွဲထွက်ခွင့် တစ်နေရာ အခိုင်အမာ ရထားတာ ဖြစ်ပါတယ်။

ဂျို့(စ်) မော်ရင်ဟို ရဲ့ စနေနေ့ လီဗာပူး နဲ့ ကစားမဲ့ ပွဲမတိုင်မှီမှာ ဖာဒီနန်က အင်္ဂလန် လက်ရွေးစဉ် ကစားသမား ကို ယခုလိုပဲ ချီးကျူးထားပါတယ်….
“သူက တကယ့်ကို ပါရမီရှင် ကြီးပါ၊ သူအကောင်းဆုံး လုပ်ဆောင် နိုင်ပါတယ်၊ သူကို့ ကြည့်ရတာ ရင့်ကျက်နေပါပြီ၊ နောက်ပြီး တိုးတက်မှု့တွေလည်း ရှိနေပါတယ်။ သူဟာ အမြဲဆာလောင် နေတတ်သူပါ၊ ဒီရာသီမှာ သူ့အတွက် အခွင့်အရေးတွေ အများကြီးရလာမှာပါ။ သူဟာ အကောင်းဆုံး အခြေအနေကို ရောက်ရှိဖို့ နေရာမှန်ကို ရောက်နေပါပြီ။”

“သူဟာ မန်နေဂျာ ရဲ့ အထောက်အပံ့၊ ပရိတ်သတ်တွေ ရဲ့ အာပေးမှု့၊ အသင်းသားတွေရဲ့ ယုံကြည်မှု့ အပြည့်အဝ ရထားသူပါ၊ ကျွန်တော်သူ့ကို ကြည့်မိလေလေ၊ သူဟာ အသင်းအတွက် အသစ်သစ် တွေယူဆောင်လာနိုင်တယ်ဆိုတာ ပိုပြီးသိသာလေလေ ပါပဲ။”

“ရက်ဖို့ဒ် ရဲ့ စွမ်းဆောင်ရည်ဟာ ဂိုးဒမ်းဘွိုင်း ဆု ကို ရရှိထားပေမဲ့ ချိန်ပီယံလိဂ် ဆုတံဆိပ်ရှင် ခံစစ်သမားဟောင်းကြီးကတော့ ရက်ဖို့ဒ်ဟာ ဥစမိန်း ဒမ်ဘီလီတို့၊ ကိုင်လင် မက်ပီ တို့လို အဆင့်မျိုးရောက်အောင် ကြိုးစားရပါမယ်” လို့ဆိုထားပါတယ်။

“ဘာစီလိုနာမှာ ဒမ်ဘီလီရှိတယ်၊ ပီအက်ဂျီမှာ မက်ပီ ရှိတယ်၊ ရက်ဖို့ဒ်ကို ရော သင်ဘယ်လိုပြောမှာလဲ။”

“ကျွန်တော်ကတော့ ရက်ဖို့ဒ်ဟာ သူတို့လိုကစားသမားမျိုးပါ။ သူတို့ကတော့ ချိန်ပီယံလိဂ်မှာ သက်သေပြခဲ့ပြီးပါပြီး၊ ရက်ဖို့ဒ် ကတော့ အခုမှ လုပ်ဆောင်နေတုန်းပေါ့။”
“သူအမြဲတိုးတက်အောင် လုပ်ဆောင်နေရမယ်။ အခက်အခဲ အတားအဆီးတွေ အကုန် ကျော်ဖြတ်နိုင်ရမယ်။ တကယ်လို့ သူသာ အမြဲ တိုးတက်နေမယ်၊ ကြိုးစားနေမယ်၊ ဘောလုံးကို အမြဲ နှစ်သက်နေမယ်ဆိုရင် သူဟာ အကောင်းဆုံး ကစားသမား တစ်ယောက် ဖြစ်ဖို့ အခွင့်အရေးရလာမှာပါ။”