Lotayamm

search
မာတိကာ

contents

သတင်းများ

ပွဲပယ်ပြဿနာများကြောင့် အသင်းခေါင်းဆောင်လေးဦးကို ရီးရဲလ်မက်ဒရစ် မိတ်ဆက်၊ အသင်းဟောင်းစပါးနှင့်ပွဲတွင် ဂိုးသွင်းယူနိုင်ပါက အောင်ပွဲခံသွားမည်ဟု ဂါရတ်ဘေးလ်ဆို

နေ့ရက်:
Sep 13, 2017


အမျိုးအစား :
အားကစား
yangonmedia
ရီးရဲလ်မက်ဒရစ်အသင်းသည် အသင်း၏ သက်တမ်းအရှည်ဆုံး ကစားသမားကို အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်လေ့ရှိသောကြောင့် ရာမို့စ်နှင့် မာဆယ်လို၊ ရော်နယ်ဒို တို့ကို ပထမအသင်းခေါင်းဆောင် နှင့် ဒုတိယအသင်းခေါင်းဆောင်၊ တတိယအသင်းခေါင်းဆောင်တို့ အဖြစ် သတ်မှတ်ထားသော်လည်း အဆိုပါကစားသမားများ၏ ဒဏ် ရာ၊ ပွဲပယ်ပြဿနာများကြောင့် ဘင် ဇီမာကိုပါ အရန်အသင်းခေါင်း ဆောင် အဖြစ်ရွေးချယ်ခဲ့ခြင်းဖြစ် သည်။ 
လက်ရှိတွင် ဒုတိယအသင်း ခေါင်းဆောင်မာဆယ်လိုမှာ လီဗန် တေးနှင့် တစ်ဂိုးစီသရေကျသောပွဲ တွင် အနီကတ်ထိခဲ့ခြင်းကြောင့် လေး ပွဲပယ်ပြစ်ဒဏ်ထိခဲ့ပြီး စီရော်နယ်ဒို မှာလည်း စပိန်ဘုရင့်ဖလားပွဲတွင် ကွင်းလယ်ဒိုင်ကို တွန်းထိုးခဲ့ခြင်းကြောင့် လေးပွဲပယ် ပြစ်ဒဏ်ချမှတ်ခံထားရ သည်။ စတုတ္ထအသင်းခေါင်းဆောင် အဖြစ် ရွေးချယ်လိုက်သောတိုက်စစ် မှူးဘင်ဇီမာမှာ လွန်းခဲ့သည့်လေး ရာသီအတွင်း အဝါကတ်ခြောက် ကြိမ်သာ ပြသခံထားရသူဖြစ်သည်။
အခြားသတင်းတစ်ရပ်အနေ ဖြင့် ရီးရဲလ်မက်ဒရစ်တောင်ပံတိုက် စစ်ကစားသမား ဂါရတ်ဘေးလ်က အသင်းဟောင်းစပါးနှင့် ပြန်လည် ရင်ဆိုင်ရမည့် ချန်ပီယံလိဂ်ပွဲတွင် မိမိဂိုးသွင်းနိုင်ပါက အောင်ပွဲခံသွား မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆို သွားခဲ့သည်။ ရီးရဲလ်မက်ဒရစ်သည် ယနေ့ညတွင် အေပိုးလ်နီကိုရှားအ သင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်ရင်ဆိုင်ရ မည်ဖြစ်ပြီး အုပ်စုဒုတိယပွဲစဉ်အဖြစ် လာမည့်အောက်တိုဘာလတွင် စပါး အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သော ကြောင့် ဘေးလ်က ထိုသို့ပြောဆိုခဲ့ ခြင်းဖြစ်သည်။
အသင်းဟောင်းနှင့်ရင် ဆိုင်ရမည့်ပွဲနှင့်ပတ်သက်၍ ဘေးလ် က ''လွန်ခဲ့တဲ့တစ်နှစ်ကျော်က စပါး နဲ့ပြန်ရင်ဆိုင်ခဲ့ရတဲ့ ရာသီကြိုခြေစမ်း ပွဲတွေမှာ ကျွန်တော် ဂိုးသွင်းနိုင်ခဲ့ တော့လုံးဝအောင်ပွဲမခံခဲ့ပါဘူး။ အခု ရင်ဆိုင်ရမယ့်ပွဲမှာတော့ အဲဒီနေ့ စိတ်ခံစားမှုအပေါ် မူတည်ပါတယ်။ ၉၁ မိနစ်မှ အနိုင်ဂိုးသွင်းယူနိုင်မယ် ဆိုရင်တော့ စိတ်ထိန်းနိုင်မယ်မထင် ဘူး''ဟု ပြောသွားခဲ့သည်။ 
KKW, DemocracyToday