Lotayamm

search
မာတိကာ

contents

သတင်းများ

အဆန်စီယို - ကျွန်တော့် ဘယ်ခြေထောက်ဟာ မက်ဆီပြီးရင် အကောင်းဆုံးပဲလို့ ဇီဒန်းက ပြောခဲ့ပါတယ်

နေ့ရက်:
Sep 12, 2017


အမျိုးအစား :
အားကစား
Ballonestar
ရီးရဲလ်မက်ဒရစ် လူငယ်တိုက်စစ်မှူး မာကို အဆန်စီယိုက “ သူ့ရဲ့ဘယ်ခြေထောက်ဟာ မက်ဆီနောက်ပိုင်း မြင်ဘူးသမျှမှာ အကောင်းဆုံးပဲ”လို့ နည်းပြဇီဒန်းက သူကိုပြောခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။

အဆန်စီယိုဟာ ဒီရာသီသစ်မှာ အထင်ကြီးစရာ ခြေစွမ်းတွေပြသနေသူဖြစ်ပြီး ရီးရဲလ်အတွက် ၆ ပွဲမှာ ၄ ဂိုးထိ သွင်းယူထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

အသက်၂၁ နှစ်အရွယ် အဆန်စီယိုဟာ သူ့ခြေစွမ်းအတွက် ဂုဏ်ယူနေပြီး နည်းပြ ဇီဒန်းရဲ့အထင်ကြီးမှုကိုလည်း ရရှိထားပါတယ်။

အဆန်စီယိုက Copeသတင်းဌာနနဲ့တွေ့ဆုံရာမှာ “နည်းပြကြီး ဇီဒန်းက ကျွန်တော့်ကို မက်ဆီနောက်ပိုင်း မှာ ကျွန်တော့်ဘယ်ခြေထောက်ခြေစွမ်းမျိုး မမြင်ဘူးသေးဘူးလို့ ပြောခဲ့ပါတယ်။ နည်းနည်းတော့ ကျေနပ်မိပါတယ်။ မက်ဆီ ဆိုတာ စံပြဘောလုံးသမားတစ်ယောက်မဟုတ်လား?
မက်ဆီဟာ နေမာထွက်ခွာသွားပြီး နောက်ပိုင်း ဘာစီလိုနာရဲ့ ရာသီအစ ရလဒ်ကောင်းတွေအတွက် အဓိက ကူညီပေးနေသူဖြစ်ပါတယ်။အဆန်စီယိုက ဘာစီလိုနာအသင်း နေမာကို ဆက်မထိန်းထားနိုင်ခဲ့တာကိုလည်း အံအားသင့်မိတယ်”လို့ ဆိုပါတယ်။

“ ဘာကာကနေ နေမာထွက်ခွာသွားတာမြင်ရတာ အရမ်းအံ့သြဖို့ကောင်းပါတယ်။ သူဟာ ဘာကာအတွက် အရေးပါသူတစ်ယောက်ဖြစ်နေလျှက်နဲ့ သူ့ကိုဆက်မထိန်းနိုင်တာမြင်ရတာ နည်းနည်းတော့ ဆန်းကြယ်နေ ပါတယ်” လို့ အဆန်စီယိုက ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ အဆန်စီယိုရဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါ အဖွင့် ၃ ပွဲကစားပြီးချိန်မှာ ၅ မှတ်သာ ရယူထားနိုင်သေးတာဖြစ်ပါတယ်။