Lotayamm

search
မာတိကာ

contents

သတင်းများ

ချဲလ်ဆီးမှာ အထိုင်ကျဖို့ ကြိုးစား ရုန်းကန်ခဲ့ရတယ်လို့ ပရိတ်သတ်တွေကို ၀န်ခံခဲ့တဲ့ မိုရာတာ

နေ့ရက်:
Sep 12, 2017


အမျိုးအစား :
အားကစား
Ballonestar
လက်ရှိမှာ ခြေစွမ်းပြနေတဲ့ ချဲလ်ဆီးအသင်းရဲ့ အသစ်စက်စက် တိုက်စစ်မှူး အယ်လ်ဗာရို မိုရာတာက အင်္ဂလန်မှာ အခုလို ခြေစွမ်းပြ ကစားပြီး အသားကျစေဖို့ ရုန်ကန်ကြိုးစားခဲ့ရတယ်လို့ အသင်းပရိတ်သတ်တွေကို ၀န်ခံပြောကြားလိုက်ပါတယ်။

၂၄ နှစ်အရွယ် စပိန်နိုင်ငံသား မိုရာတာဟာ ပြီးခဲ့တဲ့ ဂျူလိုင်လမှာ ရီးရဲလ်မက်ဒရစ် အသင်းထံမှ နည်းပြကွန်တီရဲ့ ခေါ်ယူခြင်း ခံခဲ့ရသူဖြစ်ပြီး ချဲလ်ဆီးအသင်းအတွက် ၄ပွဲ ကစားပြီးချိန်မှာ ၃ဂိုး သွင်းယူနိုင်ကာ ၂ဂိုး ဖန်တီးပေး နိုင်တဲ့အထိ ခြေစွမ်းပြ ထားနိုင်တာဖြစ်ပါတယ်။

နည်းပြကွန်တီဟာ မိုရာတာကို လတ်တလောကမှ အသင်းကို ပြန်ရောက်လာတဲ့ ဒီယေဂိုကော်စတာရဲ့ နေရာကို တိုက်ရိုက်အစားထိုးဖို့ ခေါ်ယူခဲ့တာဖြစ်ပြီး သူဟာအသင်းမှာ ချက်ချင်းပဲ အသားကျအောင် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုရေမြေသစ်၊ အတွေ့အကြုံသစ်မှာ အဆင်ပြေဖို့ လွယ်လွယ်ကူကူ ဖြစ်ပေါ်လာတာ မဟုတ်ဘူးလို့ မိုရာတာက ၀န်ခံခဲ့ပါတယ်။

“တိုင်းပြည်အသစ်၊ ကစားပုံအသစ်မှာ လွယ်လွယ်အထိုင်ကျခဲ့တာတော့ မဟုတ်ပါဘူး၊ ကျွန်တော် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရပါတယ်၊ ကျွန်တော်ဟာ ပရိုဖက်ရှင်နယ်ကစားသမားတစ်ယောက်ပါ၊ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားပါတယ်၊ အခုတော့ အားလုံးအဆင် ပြေနေပါပြီ” လို့ မိုရာတာက ပြောပြခဲ့ပါတယ်။

“စပါးကိုနိုင်ပြီးနောက် ဘန်လေကိုထပ်အနိုင်ရတာ အရမ်းကောင်းပါတယ်၊ ကျွန်တော်တို့ကြုံခဲ့ရသလို ပြိုင်ပွဲ အစပိုင်းမှာ ခြေချော်တာမျိုးက ဖြစ်တတ်ပါတယ်၊ အခုတော့ ကျွန်တော်တို့ ပြန်လာပါပြီ ၊ကျွန်တော်အရင်က စပိန်နဲ့ အီတလီမှာ ကစားခဲ့ပါတယ်၊ အခုတော့ အင်္ဂလန်မှာ ကစားနေပါပြီ၊ တွေ့ကြုံခဲ့ရတာတွေက မလွယ်ကူ ခဲ့ပေမယ့် ကျွန်တော့်ရဲ့ ဆန္ဒကတော့ သွင်းဂိုးတွေနဲ့ အသင်းကို ဖလားတွေ ရရှိအောင် ကူညီပေးချင်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ကွန်တီရဲ့ ပထမဆုံးရာသီမှာပဲ ပရီးမီးယားလိဂ်ဖလားကိုရယူနိုင်ခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ ဒီနေ့ညမှာ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်အဖြစ် ကွာရာဘတ် အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။