contents

သတင်းများ

ထောက်ကြန့်လမ်းဆုံတွင် ယာဉ်ကြောကျပ်တည်းရခြင်းမှာ ဌာနဆိုင်ရာများ၏ တာဝန်မသိမှုနှင့် ရေသာခိုမှုကြောင့်ဖြစ်သည်ဟုဆို

နေ့ရက်:
Sep 13, 2018


အမျိုးအစား :
ပြည်တွင်း
Weekly Headline

ထောက်ကြန့်လမ်းဆုံ တွင် ယာဉ်ကြောကျပ်တည်းရခြင်း မှာ ခုံးကျော်တံတားမရှိခြင်းကြောင့် မဟုတ်ဘဲ သက်ဆိုင်ရာ ဌာနဆိုင် ရာများ၏တာဝန်မသိမှုနှင့် ရေသာခို မှုကြောင့်ဖြစ်သည်ဟု မွန်ပြည်နယ် မဲဆန်္ဒနယ်အမှတ်(၈)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး ၀င်းကပြောသည်။

စီမံခန့်ခွဲမှုလို

“တကယ်လိုနေတာက တံတားမဟုတ်ဘဲ စီမံခန့်ခွဲမှုသာ လိုနေတာဖြစ်ပါတယ်။ ဒီတံတားက တစ်ကျပ်ရင်းပြီး ဆယ်ပြားဖိုးလောက် ပဲ အကျိုးရှိမယ့်မြှုပ်နှံမှုလို့ ထင်ပါ တယ်။အနာကတခြား ဆေးကတခြား ဖြစ်နေပါတယ်။ ဒီနားတစ်ဝိုက်မှာ ယာဉ်ကြောကျပ်ခြင်းက တံတားမရှိ လို့ထက် သက်ဆိုင်ရာဌာနတွေရဲ့ တာဝန်မသိမှုနဲ့ ရေသာခိုနေကြခြင်း ကြောင့်ဖြစ်ပါတယ်။ စည်းကမ်းမဲ့ ရပ်ထားတဲ့ယာဉ်တွေ၊ လမ်းပေါ်က ဈေးသည်တွေကို စည်းကမ်းတကျ ဖြစ်အောင် ထိန်းသိမ်းတဲ့ အစီအမံ တွေ ဘာမှမလုပ်ကြလို့ လမ်းပိတ် ရခြင်းဖြစ်ပါတယ်။ ဘယ်လိုရှင်းရ မလဲဆိုတာကိုစဉ်းစားပြီး အရင်စမ်း ကြည့်သင့်ပါတယ်””ဟု ၎င်းင်းကပြော သည်။

ဆွေးနွေးတင်ပြ

ထောက်ကြန့်လမ်းဆုံ တွင် ယာဉ်ကြောကျပ်တည်းမှုများကို ဖြေရှင်းရန်အတွက် ခုံးကျော်တံတား တစ်စင်းတည်ဆောက်ရန် လျာထား မှုနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ် တော်တွင် ဆွေးနွေးခဲ့ကြကြောင်း၊ ၂၀၁၈-၂၀၁၉ အမျိုးသားစီမံကိန်း ဥပဒေတွင်ပါရှိကြောင်း၊ ခန့်မှန်း ကုန်ကျငွေ ၆ ဘီလီယံရှိပြီး ဘတ် ဂျက်လျာထားမှုတွင် တစ်ဘီလီယံ ရှိကြောင်း၊ တံတားတည်ဆောက် ရေးနှင့်ပတ်သက်၍ လွှတ်တော်ကိုယ် စားလှယ်များက ဆွေးနွေးခဲ့ကြကြောင်း၊ နိုင်ငံခြားချေးငွေ ၁၄ ဘီလီယံခန့် ရှိနေချိန်တွင် ယခုတံတားတည်ဆောက် မှုကို ပြန်လည်သုံးသပ်သင့်ကြောင်း၊ တံတားတည်ဆောက်ရာတွင် ကုန်ကျ မည့် အသုံးစရိတ်များကို ဖွံ့ဖြိုးမှု နည်းသော ဒေသများအတွက် အသုံး ပြုစေလိုကြောင်း လွှတ်တော်ကိုယ် စားလှယ်များက ဆွေးနွေးပြောကြား ခဲ့သည်ဟု သိရသည်။

အဆင်ပြေသွားမလား

“မီးပွိုင့် ၃ ခုဖြတ်တဲ့နေရာ နီဝါ၀ါယာဉ်ကြောသုံးခုကို ဖြေရှင်း ဖို့ဆိုပြီးတာ့ ဒီနေရာမှာ ကုန်းတံတား တစ်စင်းကို ၆ ဘီလီယံအကုန်အကျ ခံပြီး ထိုးမယ်လို့ဆိုပါတယ်။ ဘတ် ဂျက်ထဲမှာ လျာထားတာက တစ် ဘီလီယံရှိပါတယ်။ ဒီတံတားထိုး လိုက်ရင်ရော ဒီနေရာ အဆင်ပြေ သွားမလား။ ရန်ကုန်-ပဲခူးယာဉ် ကြောက တံတားမရှိလည်း မြေပြင် မှာ Free လွှတ်လို့ရတဲ့ ယာဉ်ကြော ဖြစ်ပါတယ်။ ဈေးရှေ့မှာရပ်ထား တဲ့ ယာဉ်တွေ၊ အတင်အချလုပ်တဲ့ လိုင်းကားတွေကြောင့် ဒီ Free ယာဉ်ကြောဟာ Free မဖြစ်ရခြင်း ဖြစ်ပါတယ်။ ဒီကားတွေကို ရှင်း နိုင်မယ်ဆိုရင် ဒီယာဉ်ကြောဟာ တံတားမလိုဘဲ ပုံမှန်သွားနိုင်မှာ ဖြစ်ပါတယ်””ဟု ၎င်းင်းကဖြည့်စွက် ဆွေးနွေးသည်။

ယာဉ်ကြောရှုပ်ထွေး

ထောက်ကြန့်လမ်းဆုံ သည် ရန်ကုန်-ပဲခူး-မှော်ဘီ လမ်း ဆုံဖြစ်နေသောကြောင့် ယာဉ်အသွား အလာများသော နေရာတစ်ခုဖြစ် ကြောင်း၊ လမ်းဆုံနေရာတွင် ဈေးရှိ နေပြီး ဈေးသည်များမှာ လမ်းအနီး တွင် ရောင်းချနေခြင်း၊ ခရီးသည် တင် လိုင်းကားများမှ အချိန်ကြာမြင့် စွာရပ်တန့်ပြီး ခရီးသည်အတင်အချ ပြုလုပ်ခြင်းများကြောင့် ယာဉ်ကြော ကျပ်တည်းရကြောင်း၊ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းရန်အတွက် လမ်းလယ်ကျွန်းများကို ဖယ်ရှားပြီး သံပန်းအကာများ တပ်ဆင်ခြင်း၊ လူကူးခုံးကျော်တံတား တည်ဆောက် ပါက သက်သာမှုရှိမည်ဖြစ်ကြောင်း ပြောဆိုမှုများလည်းရှိနေသည်။


နေလှိုင်း


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။