contents

သတင်းများ

ဒေါ်လာ(၁၀,၀၀၀)တန် ဖုန်း Call …..

နေ့ရက်:
Sep 13, 2018


အမျိုးအစား :
ပြည်တွင်း
Weekly Headline

ဒေါ်လာ(၁၀,၀၀၀)ထီပေါက်ခဲ့တဲ့အမေရိကန်နိုင်ငံ၊ ကန်း ဆက်စ်ပြည်နယ်သားတစ်ဦးက အဆိုပါထီဖွင့်မယ့်နေ့ နောက်ဆုံးအချိန် ကျမှ ၀ယ်ယူကံစမ်းမိခဲ့တာဟာ သူငယ်ချင်းတစ်ယောက်က ဖုန်း ဆက်တိုက်တွန်းခဲ့တာကြောင့် ဖြစ်တယ်လို့ ပြောပြလာခဲ့ပါတယ်။ ကံထူးရှင် ဂျိုးဆက်ရူးအစ်ဇ်က သူ့အနေနဲ့ ပြီးခဲ့တဲ့သြဂုတ်လ (၂၈)ရက်မှာ ဖွင့်လှစ်ခဲ့တဲ့ Mega Millions ထီကို ၀ယ်ဖြစ်ခဲ့ပုံအပေါ် အခုလိုပဲ ပြောပြလာခဲ့တာပါ။

““ညပိုင်း အိမ်တောင်ရောက်နေပြီးမှ သူငယ်ချင်းတစ်ယောက် က ဖုန်းလှမ်းဆက်ပြီး ဒီညထီဖွင့်မှာ လက်မှတ်ဝယ်ပြီးပြီလားတဲ့။ ကျွန်တော်က မေ့နေတာလေ။ စတိုးဆိုင်ကိုလည်း ပြန်သွားရမှာ မသွားချင်တော့ဘူး။ ဒါပေမယ့် သူက သတိပေးလိုက်တော့ ခေါင်း ထဲဝင်သွားပြီး စတိုးဆိုင်ကိုအပြေးပဲသွားဝယ်ဖြစ်သွားတာ။ ထီပေါက် မယ့်လက်မှတ်ကို ၀ယ်ဖြစ်တဲ့ပုံက ကျွန်တော့်ပုံမှန် လုပ်ပုံကိုင်ပုံနဲ့ လုံးဝကွဲနေတယ်။ ပုံမှန်ဆို ထီထိုးရင် မနက်ပိုင်းပဲ။ ညနေမထိုးဘူး။ ၀ယ်ရင်လည်း အိမ်နားက ဆိုင်တစ်ဆိုင်မှာပဲ ၀ယ်တာ။ ဒါပေမယ့် အဲဒီညက အိမ်နဲ့ပိုနီးတဲ့ဆိုင်တစ်ဆိုင်မှာဝယ်ဖြစ်သွားတာဗျ။ ဒီတော့ ကျွန်တော်လုပ်နေ ကိုင်နေတာတွေကို ခဏခဏပြောင်းပစ်မှနဲ့တူပါ တယ်ဗျာ””လို့ ဂျိုးဆက်က ပြောပြခဲ့တာပါ။


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။