contents

သတင်းများ

ကမ္ဘာ့အဆင့်မီ မြို့သာဂေါက်ကွင်းကို စက်တင်ဘာ နောက်ဆုံးအပတ်တွင် ဖွင့်လှစ်မည်  

နေ့ရက်:
Sep 13, 2018


အမျိုးအစား :
ပြည်တွင်း
yangonmedia
'' Soft Opening ပွဲကိုနိုင်ငံတကာ ဂေါက်သီးအားကစားသမားတွေကို ဖိတ်ခေါ်ဖွင့်လှစ်သွားမှာပါ။ နိုင်ငံအတွက် ဂုဏ်သိက္ခာတက်စေမှာဖြစ်သလို နိုင်ငံရဲ့နိုင်ငံတကာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အကျိုးရှိစေမှာဖြစ်ပါတယ်။ ဂျပန်၊ ကိုရီးယားတို့ဟာ ဂေါက်ကွင်းမရှိတဲ့စက်မှုဇုန်တွေမှာ ရင်းနှီးမြှုပ်နှံမှုမရှိတဲ့အတွက် ဒီလိုကွင်းမျိုးရှိလာပြီဆိုတော့ အဲဒီနိုင်ငံတွေကနေ စက်မှုဥယျာဉ်ကို ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာနိုင်ပါတယ်''ဟု မန္တလေး-မြို့သာ စက်မှုဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်က စက်တင်ဘာ ၁၂ ရက်က ပြောကြားသည်။
 
အဆိုပါဂေါက်ကွင်းကို လွန်ခဲ့သော လေးနှစ်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ရာ ဂေါက်ကွင်းမှာ ၁၈ ကျင်းအမျိုးအစားဖြစ်၍ ရေရှည်ထိန်းသိမ်းမှုလုပ်ငန်းအတွက် အမေရိကန်နိုင်ငံ Green Dynasty အဖွဲ့ကတာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတကာမှ ခရီးသည်များ တည်းခိုအနားယူနိုင်မည့် လုံးချင်းအိမ်အလုံးရေ ၂၈ဝဝ ကို ဆက်လက်တည်ဆောက်ပေးသွားမည် ဖြစ်ပြီး အလုပ်သမားဦးရေ ၃ဝဝဝ ကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ဂေါက်သီးအကယ်ဒမီသင်တန်းကျောင်းတစ်ခုကိုပါတည် ဆောက်လျက်ရှိပြီး ဂေါက်ကွင်း၌ နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲများကိုလည်း လက်ခံကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။ 
KSA
#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။