contents

သတင်းများ

မြန်မာနိုင်ငံ၏ဆက်သွယ်ရေးကွန်ရက် (Spectrum) ဈေးနှုန်းသည် ဖွံ့ဖြိုးပြီး နိုင်ငံများ၏ ဈေးနှုန်းများထက် သုံးဆကျော် ပိုမိုများပြားလျက်ရှိနေ

နေ့ရက်:
Aug 11, 2018


အမျိုးအစား :
ပြည်တွင်း
Weekly Headline

မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အင်တာနက် ဆက်သွယ်ရေးကွန်ရက် (Spectrum) ဈေးနှုန်းသည် ဖွံ့ဖြိုးပြီး နိုင်ငံများ၏ ဈေးနှုန်းများထက် သုံးဆကျော် ပိုမိုများပြားလျက်ရှိနေကာ ယင်းကဲ့သို့ ဈေးနှုန်းမြင့်မားမှုသည် မိုဘိုင်း

ချိတ်ဆက်ထိုးဖောက်မှုအတွက် အတားအဆီးဖြစ်နေသည်။GSMA မိုဘိုင်းချိတ်ဆက်မှုညွှန်းကိန်း (Mobile Connectivity Index) တွင်လည်း အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံမှာ နံပါတ် ၈ နေရာတွင် ရပ်တည်နေရလျက်ရှိသည်။




မြန်မာနိုင်ငံအနေဖြင့် အင်တာနက်သုံးစွဲနှုန်းမှာ ၂၀၁၄ နှင့် ၂၀၁၇ ကာလကြားအာရှပစိဖိတ်နိုင်ငံများအနက် အတိုးတက်ဆုံးနိုင်ငံတစ်ခုဖြစ်လာသော်လည်း အာရှပစိဖိတ်နိုင်ငံများတွင် ပျမ်းမျှအောက် အနေအထားသာ ရှိနေသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်ကုန်ထိ နိုင်ငံလူဦးရေ၏ ၈၅% ခန့် (၄၅ သန်းခန့်) အတွက် 4G ကွန်ရက်ဖြန့်ကျက်လွှမ်းခြုံထားခြင်း မရှိသေးပေ။ 4G ကွန်ရက်ဖြန့်ကျက်နိုင်မှုတွင် မြန်မာနိုင်ငံအနေဖြင့် ရမှတ် ၁၄ မှတ်သာရှိပြီး ထိုင်းနိုင်ငံမှာ

ရမှတ် ၉၈ မှတ်အထိ ရရှိထားသည်။အခြေခံအဆောက်ဦလိုအပ်ချက်မှာ မြန်မာနိုင်ငံအနေဖြင့် အကြီးမားဆုံးရင်ဆိုင်ရသည့် အခက်အခဲဖြစ်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံတွင် ရမှတ် ၃၆၊ ထိုင်းနိုင်ငံတွင် ရမှတ် ၆၂ ရှိနေပြီး နှစ်ဆနီးပါး ကွာဟလျက်ရှိနေသည်။


အခြေခံအဆောက်အအုံ အားကောင်းလာစေရန်အတွက်မူမြန်မာနိုင်ငံတွင် ကွန်ရက်ဖြန့်ကျက်မှု၊ ကွန်ရက်အရည်အသွေးနှင့် အင်တာနက်ဆက်သွယ်မှုကွန်ရက် စသည့် အဘက်ဘက်တွင်တိုးတက်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်သေးသည်။

မြန်မာနိုင်ငံတွင်း 4Gဝန်ဆောင်မှု တိုးချဲ့သွားမှုအပေါ် အထောက်အကူပြုရန်အတွက် အင်တာနက်ဆက်သွယ်မှုကွန်ရက်များအား နောက်ထပ် ပိုမို ချမှတ်ပေးရန်လည်း လိုအပ်နေကြောင်းသိရသည်။


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။