Lotayamm

search
မာတိကာ

contents

သတင်းများ

နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်မှုအား အကြောင်းပြုပြီး ဥပဒေချိုးဖောက်မှုများကိုပြုလုပ်၍မရကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြား

နေ့ရက်:
Aug 11, 2018


အမျိုးအစား :
ပြည်တွင်း
Weekly Headline

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥပဒေဒီပလိုမာ (အရာရှိ)သင်တန်းမှသင်တန်းသားအရာရှိကြီးများအားတွေ့ဆုံအမှာစကားပြောကြားရာတွင်ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။


ထိုသို့တွေ့ဆုံအမှာစကားပြောကြားရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ “ယနေ့ခေတ်သည်ပြည်သူများမှရွေးချယ်သည့်ပါတီစုံဒီမိုကရေစီစနစ် ကိုလျှောက်လှမ်းလျက်ရှိသဖြင့် မိမိတို့တပ်မတော်အနေဖြင့် ဥပဒေကိုအလေးထား ဆောင်ရွက်ရန်ပိုမိုအရေးကြီးကြောင်း၊ နိုင်ငံတော်မှထုတ်ပြန်ထားသည့်ဥပဒေများကို လိုက်နာရန်နှင့်သိရှိနားလည်အောင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြည်သူများဥပဒေ နှင့်အညီနေထိုင်နိုင်ရန်အတွက် သိရှိအောင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်မှုအား အကြောင်းပြုပြီး ဥပဒေချိုးဖောက်မှုများကို ပြုလုပ်၍မရကြောင်း၊ တပ်မတော်တွင် ဥပဒေလိုက်နာမှုမရှိသည့်အရာရှိ၊စစ်သည်များအားစိစစ်အရေးယူဆောင်ရွက်ရသည်များရှိကြောင်း၊ ထို့ကြောင့် တပ်မှူးအဖြစ်တာဝန် ထမ်းဆောင်နေသူများသည် ဥပဒေများကိုသိရှိနားလည်ပြီးမိမိတို့ပတ်ဝန်းကျင်ရှိသူများကိုပါဥပဒေများအားနားလည်သိရှိအောင်ရှင်းလင်းပြောကြားရမည်ဖြစ်ကြောင်း၊မိမိတို့တပ်မတော်သားများအနေဖြင့် စစ်ပွဲဆိုင်ရာဥပဒေများနှင့် ပတ်သက်သည့် ဂျီနီဗာ ကွန်ဗင်းရှင်းကိုလည်း လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း“ပြောကြားခဲ့တယ်လို့သိရပါတယ်။


ပြင်ဦးလွင်မြို့၊ တပ်မတော်အုပ်ချုပ်မှုကျောင်းတွင်ပြုလုပ်တဲ့ အဆိုပါအခန်းအနားကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းနှင့်တာဝန်ရှိသူ များတတ်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။