Lotayamm

search
မာတိကာ

contents

သတင်းများ

လူငယ်အသံဖိုရမ်ကို  ရန်ကုန် စိန်ရတုခန်းမတွင် ကျင်းပမည်

နေ့ရက်:
Jul 12, 2018


အမျိုးအစား :
ပြည်တွင်း
Akonthi

အိုင်းဆက်မြန်မာမှ နှစ်စဉ်ကျင်းပမြဲရှိသော လူငယ်အသံဖိုရမ် Youth Speak Forum အား ဇူလိုင်၁၉ ရက်တွင် ရန်ကုန်မြို့စိန်ရတုခန်းမ ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။



အဆိုပါ ဆွေးနွေးပွဲ တွင် အရည်အချင်းပြည့်ဝသော ပညာရေး၊ တာဝန်သိသော စားသုံးမှုနှင့် ထုတ်လုပ်မှုပုံစံ အကြောင်းအရာ နယ်ပယ်အသီးသီးမှ ပညာရှင်များ မှ ပိုမိုကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာရန် ဆွေးနွေးဖလှယ်ခြင်း အစီအစဉ်တို့ ပါဝင်ကြောင်း သိရသည်။



’’ညီမတို့ဒီပွဲမှာ  ကမ္ဘာ့ ပရိုဂရမ်တွေ အကြောင်းအရာတွေ  ပြဿနာအားလုံးကို ချပြဆွေးနွေးမှာ  ၊ ဒီဟာလေးနဲ့ပတ်သက်တာ ဆွေးနွေးမှာပါ၊ အတူတူ စဉ်းစားရမှာဆိုတော့  လူငယ်တွေ စဉ်းစားမိပြီး ငါတို့ဘာလုပ်ပေးနိုင်မလဲ။ နောက်စပီကာတွေ ပြောတာကို သူတို့နားထောင်ပြီး တစ်နေ့ကျ ရင် ငါတို့လည်း ကူညီပေးမယ်။ သူသိချင်သလို ငါတို့လည်း သိချင်တယ်။ ဆွေးနွေး လာချင်တယ်ဆိုပြီး ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်’’ အမျိုးသားစီမံခန့်ခွဲမှုကောလိပ်မှ တတိယနှစ်ကျောင်းသူ မထွန်းပအောင် က ပြောသည်။



အဆိုပါ ဇူလိုင် ၁၉ ရက်တွင်ကျင်းပမည့် လူငယ် အသံစကားဝိုင်းဖိုရမ်သို့  လူငယ်ရာနှင့်ချီ လာရောက် မည်ဖြစ်ပြီး ဆွေးနွေးဖလှယ်ခြင်းများ၊ ပညာရှင်များမှ ဟောပြောခြင်းများအပြင် ကုမ္ပဏီများမှ အလုပ်အကိုင် အခွင့်အလမ်းများ လာရောက်ပြသခြင်းတို့လည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။



- မင်းသီဟန်(အကုန်သိသတင်းဌာန)


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။