Lotayamm

search
မာတိကာ

contents

သတင်းများ

စကုမြို့ အာဇာနည်ရင်ပြင်တွင် ထားရှိမည့် အာဇာနည် ကိုးဦး ရုပ်တုများထဲမှ ရဲဘော် ကိုထွေးရုပ်တု နောက်ဆုံးပြုလုပ်မှု စတင်

နေ့ရက်:
May 17, 2018


အမျိုးအစား :
ပြည်တွင်း
yangonmedia
အာဇာနည်ခေါင်းဆောင်ကြီးကိုးဦးတို့၏ ကိုယ်တစ်ပိုင်းပုံကြေးသွန်းရုပ်တုများကို မန္တလေးမြို့ တမ္ပဝတီရပ် ပြည့်ဝကြေးသွန်း လုပ်ငန်းမှ ဦးလှမြင့်နှင့်သား ကိုအောင်အောင် မိုးတို့က လက်ခံပြုလုပ်ရာတွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တစ်ပိုင်းကြေးသွန်းရုပ်တုမှာ အမြင့်သုံးပေ၊ ကျန်ခေါင်းဆောင်များ၏ ကိုယ်တစ် ပိုင်းပုံကြေးသွန်းရုပ်တုများမှာ အမြင့်နှစ်ပေ စီရှိသည်။ အဆိုပါရုပ်တုများကို လာမည့်ဇွန်လအတွင်း အပြီးအစီးပြုလုပ်၍ စကုမြို့မှ အာဇာနည်ခေါင်းဆောင်ကြီးများ ကြေးသွန်းရုပ်တုဖြစ် မြောက်ရေးကော်မတီသို့ အပ်နှံရမည်ဖြစ်သည်။
 
''ဗိုလ်ချုပ်အောင်ဆန်းရုပ်တုက ကြေးချိန် ၃၅ ပိဿာရှိတယ်။ ကျန်အာဇာနည်ခေါင်း ဆောင်ကြီးများရဲ့ ရုပ်တုတွေက ကြေးချိန် ၁၅ ပိဿာစီရှိပါတယ်''ဟု ပြည့်ဝမြန်မာမှုကြေး သွန်းလုပ်ငန်းမှ ကိုအောင်အောင်မိုးက ပြောသည်။ အာဇာနည်ကိုးဦးတို့၏ ကြေးသွန်းရုပ်တုများကို စကုမြို့ မင်းဘူး-စကုသွားကားလမ်းမကြီးဘေး၌ ၁၉၄၈ ခုနှစ်က တည်ဆောက်ခဲ့သည့် အာဇာနည်ကျောက်တိုင်ကွင်းရင်ပြင်၌ လာမည့် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့တွင် ပြည်သူများလာရောက်အလေးပြုနိုင်ရန် အပြီးစိုက်ထူမည်ဖြစ်ကြောင်း စကုမြို့ အာဇာနည် ခေါင်းဆောင်ကြီးများ ကြေးသွန်းရုပ်တုဖြစ် မြောက်ရေးကော်မတီထံမှသိရသည်။
လှိုင်ထွေးအောင်
#theyangontimes
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။