contents

သတင်းများ

ရတနာပုံခေတ် သင်္ကြန် အမိန့်တော်ပြန်တမ်း အစီအစဉ်ကို မန္တလေးမြို့ မဟာသင်္ကြန်တွင် ဖော်ထုတ်ပြသသွားမည်  

နေ့ရက်:
Apr 10, 2018


အမျိုးအစား :
ပြည်တွင်း
yangonmedia
ရှေးမြန်မာဘုရင်များလက် ထက်တော်အခါက အခါကြီးရက် ကြီးနေ့ရက်များတွင် နန်းတွင်းမှ ဘုရင့်အမိန့်တော်ကို အရပ်လေး မျက်နှာသို့မောင်းကြေးနင်းခတ်ကာ တိုင်းသူပြည်သားတို့အား ပြန် ကြားသည့် အလေ့အထရှိခဲ့ရာ ယခုအခါ မဟာသင်္ကြန်တော်အခါ ရောက်ချိန်တွင် သင်္ကြန်ပွဲတော်ကျ ရောက်မည့် နေ့ရက်အချိန်များအား အရပ်လေးမျက်နှာလေးပြင်လေး ရပ်သို့ တိုင်းသူပြည်သားများသိရှိ စေရန် ကြေညာမောင်းခတ်သွား မည်ဖြစ်ပြီး အဆိုပါဓလေ့ထုံးစံမှာ မြန်မာဘုရင်သီပေါမင်းပါတော်မူ ချိန်မှအစပြု၍ ကွယ်ပခဲ့ရသည်။ ယခုနှစ်မန္တလေးသင်္ကြန်ပွဲ တော်အား ပညာရှင်များ၏လမ်း ညွှန်မှုကိုခံယူ၍ စာအုပ်စာတမ်း အကိုးအကားများကို အထောက် အထားပြုကာ အဆိုပါဓလေ့ထုံးစံကို ပြန်လည်ဖော်ထုတ်ပြသရန် ရွေးချယ်ထားကြောင်း အစီအစဉ် တွင်ပါဝင်သည့် အဖွဲ့ဝင်လူငယ် ကိုဆိုင်မွန်ထူးသန့်က ပြောသည်။
အဆိုပါအစီအစဉ်တွင် အမိန့် တော်ဖတ်ကြားမည့် သံတော်ဆင့်ဝန်တစ်ဦး၊ သိုင်းကိုင်နှစ်ဦး၊ တ ကောင်းကိုင်တစ်ဦး၊ နောက်ပါလူ ပျိုတော်သားနှစ်ဦး၊ စည်တီးအမှု ထမ်းရှစ်ဦး၊ အရံလူပျိုတော်သား ခြောက်ဦး၊ မောင်းတီးအမှုထမ်း နှစ်ဦးတို့ပါဝင်မည်ဖြစ်ပြီး ပါဝင်သူများအတွက် ဝတ်စုံနှင့်ပစ္စည်းများ ကိုရတနာပုံခေတ်ရိုးရာဓလေ့ထုံး စံများနှင့်ထပ်တူနီးပါးဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါသရုပ်ပြမည့်အစီအ စဉ်သင်္ကြန်အကြိုနေ့ ဖွင့်ပွဲကျင်းပ မည့်နံနက်ပိုင်းတွင် မင်္ဂလာတံတား အရှေ့၌နေရာယူထားပြီး သတ်မှတ် ထားသောအချိန်တွင် မင်္ဂလာတံ တားပေါ်မှ ဖြတ်သန်းကာဗဟိုမဏ္ဍပ် ရှေ့၌ ထီးမူနန်းရာအတိုင်းအမိန့်ပြန် တမ်းအား ဖတ်ကြားမည်ဖြစ်သည်။ ကျန်ရက်များတွင် လမ်း လျှောက်သင်္ကြန်၊ တောသင်္ကြန် များ၌ သရုပ်ပြခြင်းကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
DW
#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။