contents

သတင်းများ

အောင်လံမြို့ပေါ်တွင် ညအခါ ဆိုင်ကယ်ဖြင့် လုယက်မှုဖြစ်ပွားနေပြီး တရားခံများ မမိသေးသောကြောင့် ဒေသခံများ စိုးရိမ်နေကြ ဟုဆို

နေ့ရက်:
Mar 14, 2018


အမျိုးအစား :
ပြည်တွင်း
yangonmedia
ဖြစ်စဉ်မှာ မတ် ၁၂ ရက် ည ၇ နာရီက ဦးစည်သူကျော်သည် အောင်လံမြို့ တရော်ကုန်းရပ်ကွက် ကမ္ဘောဇဘဏ် ATM မှ ငွေကျပ် ၂၃ဝဝဝဝ ထုတ်ယူအပြီး ဇနီး ဖြစ်သူ၊ သားဖြစ်သူတို့နှင့် ဆိုင်ကယ်ဖြင့် နေအိမ်သို့ပြန်လာရာ စက်ရုံရပ်ကွက် ပြည်လမ်း သဲအင်းဂူလမ်းပေါက်ရှေ့အရောက်တွင် စီးလာသော ဆိုင်ကယ်ရပ်တန့်သွားစဉ် ဆိုင်ကယ်အမျိုးအစားအ ရောင်မမှတ်မိ 125  ဖင်ထောင်ဆိုင်ကယ်ဖြင့် အသက်(၂ဝ)ခန့် ပိန်ပိန်သွယ်သွယ်အမျိုးသားတစ် ဦးမောင်းနှင်ကာ နောက်တွင်အနီကွက်ရှပ်အင်္ကျီလက်ရှည်ဝတ်အ သက်(၂ဝ)အရွယ် ပိန်ပိန်သွယ် သွယ်အမျိုးသမီးတစ်ဦးလိုက်ပါ လာသောဆိုင်ကယ်က ကျော်တက် ပြီး ဇနီးဖြစ်သူလက်ထဲမှ ငွေကျပ်နှစ်သိန်းခွဲနှင့်ငွေ ၂ဝဝဝ ကျပ်ခန့် လက်ကျန်ရှိ ATM ကတ်တစ်ခု၊ ဇနီး၏မှတ်ပုံတင်ကဒ်နှင့် ယာဉ် မောင်းလိုင်စင်တစ်ခုစီ VIVO5 အမျိုးအစားဖုန်းတစ်လုံးပါဝင် သော ပန်းရောင်လက်ကိုင်အိတ် (စုစုပေါင်းငွေကျပ် ၅၇ဝဝဝဝ) ကို လုယူထွက်ပြေးသွားသဖြင့် အောင် လံမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြား ကြောင်း မှတ်တမ်းများအရ သိရသည်။
''ဖေဖော်ဝါရီ ၁၂ ရက် ည ၉ နာရီက အိမ်ကအမေရယ်၊ သမီးရယ် ဆိုင်ကယ်နဲ့ပြန်လာတာမှာ စက်ရုံရပ်ကွက်ပြည်လမ်းအော်ရို ရာလက်ဖက်ရည်ဆိုင်အနီးမှာ နောက်ကဆိုင်ကယ်နဲ့လူနှစ်ယောက် ကပ်လိုက်လာပြီး လက်ကကိုင်ထား တဲ့ပိုက်ဆံအိတ်ကို ဆွဲလုတော့ ဆိုင်ကယ်လဲသွားတယ်။ အမေက ဒူးတွေပြဲပြီး သမီးကခြေထောက် ခိုက်မိသွားပါတယ်။ ပိုက်ဆံအိတ်က မပါသွားတော့ ရဲစခန်းမှာ အမှုမဖွင့်ခဲ့ပါဘူး''ဟု အောင်လံမြို့ခံ ကိုနိုင်ထူးကပြောသည်။ ဆိုင်ကယ်ဖြင့် လုယက်မှုဖြစ် စဉ်များ အောင်လံမြို့ပေါ်တွင် ညအခါ၌ မကြာခဏဖြစ်ပွားလျက်ရှိသည့်အတွက် ဒေသခံများက စိုး ရိမ်နေကြခြင်းဖြစ်သည်။
''ညအခါ ပိုက်ဆံအိတ်လုယက်မှုသတင်းရရခြင်းမှာ မြို့နယ် ရဲတပ်ဖွဲ့စခန်းမှူးနဲ့ နယ်ထိန်းတွေ၊ တပ်ဖွဲ့ဝင်တွေက မြို့အဝင်အထွက် မှာရှိတဲ့ CCTV မှတ်တမ်းတွေ ရယ်၊ ရပ်ကွက်လှည့်ကင်းအဖွဲ့တွေရယ်၊ အောင်လံမြို့နယ်အတွင်းက ရဲကင်းစခန်းတွေနဲ့ ချိတ်ဆက်ကာ မသင်္ကာသူတွေကို စစ်ဆေးပြီး တရားခံဖမ်းမိနိုင်ရေး အမြန်ဆုံး ဆောင်ရွက်နေပါတယ်''ဟု အောင်လံမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ယခုဆိုင်ကယ်ဖြင့် လုယက်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှစ်ခုစလုံး မှ တရားခံများကို ယနေ့အထိ ဖမ်းဆီးရမိမှုမရှိသေးကြောင်း သိရသည်။ 
HL(AL)
#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။