Lotayamm

search
မာတိကာ

contents

သတင်းများ

မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်၏ မြန်မာဘက်ခြမ်း၌ သဲနှင့်ခဲ ခိုးစုပ်ယူနေသည့် ထိုင်း သဲစုပ်လှေပိုင်ရှင်ကို ထိုင်းနယ်ခြားကော်မတီမှ အရေးယူ

နေ့ရက်:
Feb 14, 2018


အမျိုးအစား :
ပြည်တွင်း
yangonmedia
 
ထိုင်းနိုင်ငံမှ သဲနှင့်ခဲစုပ်လှေတစ်စင်းမှာ မကြာမီရက်ပိုင်းက မြန်မာဘက်ကမ်း၌ သဲနှင့်ခဲများကို တရားမဝင်စုပ်ယူနေသောကြောင့် ထိုင်းနယ်ခြားကော်မတီထံ မြန်မာ နယ်ခြားကော်မတီမှ ဖေဖော်ဝါရီ ၈ ရက်က ကန့်ကွက်စာပေးပို့ခဲ့မှု ကြောင့် ဖေဖော်ဝါရီ ၁၂ ရက် မွန်း တည့် ၁၂ နာရီက ထိုင်းနယ်ခြားကော် မတီ ၁၁ ဦးပါအဖွဲ့သည် မြန်မာဘက်ခြမ်းသို့ သဲနှင့်ခဲခိုးစုပ်ယူသည့် ထိုင်းလုပ်ငန်းရှင်အား ထိုင်းနယ်ခြားကော်မတီရုံးခန်းသို့ ခေါ် ယူစစ်ဆေးခဲ့သည်။
''ကျွန်တော်က အထက်ကညွှန်ကြားချက်နဲ့ သူတို့နယ်ခြား ကော်မတီကို ဖေဖော်ဝါရီ ၈ ရက်က ကန့်ကွက်စာပေးပို့ခဲ့ပါတယ်။ အဲဒီလိုပေးပို့ပြီး သုံးရက်အကြာမှာတော့ ထိုင်းနယ်ခြားကော်မတီ က အခင်းဖြစ်ရာနေရာကို ကွင်းဆင်းစစ်ဆေးမှုတွေပြုလုပ်ပြီး သဲခိုးစုပ်တဲ့သူတို့ ထိုင်းလုပ်ငန်းရှင်ကို သဲ၊ ခဲထုတ်လုပ်ရေးလိုင်စင်လုံးဝ ပိတ်သိမ်းပစ်သည်အထိ အရေးယူလိုက်ပါတယ်။ ဒီလိုအရေးယူလိုက်တဲ့အကြောင်းကြားစာကိုလည်း ဖေ ဖော်ဝါရီ ၁၂ ရက် မွန်းလွဲပိုင်းမှာ ကျွန်တော့်ထံ ပေးပို့ခဲ့ပါတယ်''ဟု မြဝတီမြို့မှ မြန်မာ-ထိုင်း နယ်ခြား ကော်မတီဥက္ကဋ္ဌက ပြောကြားသည်။ အဆိုပါ ထိုင်းသဲနှင့်ခဲစုပ်ယူ နေသည့် စက်လှေသည် မြန်မာ ဘက်ကမ်းမှ သဲနှင့်ခဲများခိုးစုပ်နေသည်ကို စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သဲခိုးစုပ်သည့် ထိုင်းလူမျိုး သဲထုတ်လုပ်ရေးလုပ်ငန်းရှင်အား သဲစုပ်ယူထုတ်လုပ်ခွင့်လိုင်စင်ကို ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲပိုင်းတွင် ပိတ်သိမ်းအရေးယူလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
KKTM(MWD
#democracytoday